20( Unicode)

11.3K 1.8K 84
                                    

ထိုအချိန်တုန်းက ထန်းဇီယုသည် နာမည်ကောင်းတစ်ခုရနေပြီဖြစ်ပြီး သူတို့ကြယ်ပွင့်များ အခမ်းအနားတစ်ခုတွင် တွေ့ဆုံခဲ့ကြဖူးသည်။ အဝေးကနေ တစ်ယောက်နဲ့ တစ်ယောက် လှမ်းမြင်နေရပေမယ့် အများကြီး မစဉ်းစားဘဲ သူ့ကို တစ်ချက်ကြည့်လိုက်မိခဲ့သည်။

နောက်တော့ ဆေးရုံမှာ ပြန်ဆုံတွေ့ခဲ့ကြသည်။

သူနဲ့ အဖွား ထန်းဇီယုရဲ့အဖိုးကိုသွားတွေ့တော့အ ဖွားကပြောလာဖူးသည်။ "မင်းငယ်ငယ်က အဘိုးထန်းနဲ့ တွေ့ဖူးတယ်။မေ့သွားပြီလား?ပြီးတော့ သူ့မြေးလေး၊မင်းအဲ့တုန်းကသူ့ကိုသိပ်သဘောကျတာ"

ကုကျိုစစ် တကယ့်ကို ကောင်းကောင်းမမှတ်မိခဲ့။ ငယ်ငယ်လေးကတည်းက သူ့ကိုလိုက်တဲ့သူတွေအများကြီးရှိခဲ့ဖူးသည်။သူသွားလေရာရာ၌ မရေမတွက်နိုင်သောပန်းများ၊လက်ခုပ်သြဘာပေးသည့် သူငယ်ချင်းများစွာရှိခဲ့သည်။သူ့စိတ်ထဲတွင်မှန်မိဖို့ကြိုးစားကြည့်သော်လည်း ခံစားချက်က မရေမရဖြစ်နေသေးတော့ စကားပြန်မပြောလိုက်ပေ။ တံခါးဖွင့်ပြီးသာ သူ့အဖွားနဲ့ အတူတူဝင်သွားလိုက်သည်။

ထန်းဇီယုအထဲကနေတံခါးဖွင့်တဲ့အချိန်နှစ်ယောက် သားအမှတ်တမဲ့ ဆုံတွေ့ကြပြီး တစ်ယောက်ကိုတစ် ယောက် စိုက်ကြည့်နေခဲ့ကြသည်။ထန်းဇီယုကအရင်သူ့ကိုချိုသာတဲ့အပြုံးလေးနဲ့ပြုံးပြလာခဲ့သည်။

သူကတကယ့်ကိုချိုချိုသာသာပြုံနေခဲ့သည်။ ဒါကိုမြင်တော့ ကုကျိုစစ် သူ့ကို ပြန်ပြုံးပြလိုက်ပြီး သူ့စိတ်ထဲကနေ ပြောလိုက်မိတယ်။ 'သူပဲ။'

သူ ဆေးရုံမှာ အကြာကြီး မနေခဲ့။ အဖွားကု နဲ့ ထန်းဇီယုအဖိုး စကားပြောပြီးနောက် သူမနဲ့အတူတူ ပြန်ထွက်လာခဲ့သည်။

အိမ်ပြန်ရောက်တော့ အဖွားကုက ငိုနေခဲ့၏။

"ဘာလို့ ငိုနေတာလဲ အဖွား?"ကုကျိုစစ်က နားမလည်စွာမေးလိုက်တော့

အဖွားကုက မျက်ရည်တွေကို သုတ်လိုက်ပြီးဖြေလာတယ်။ "လူကောင်းတစ်ယောက်ဟာ သူ့ဘဝအတွက် မပေးဆပ်ခဲ့ဘူး။ မင်းအဘိုးထန်းက ဒီကို မရောက် ဖြစ်ခဲ့တာ နှစ်တော်တော်ကြာပြီ။"

ပြန်လည်မွေးဖွားပြီးနောက် အနုပညာလောကမှာနာမည်ကြီးလာတယ်Where stories live. Discover now