16( Unicode)

12.4K 1.7K 73
                                    

ရှန်းရုန်ရုန် က ပြုံးပြီးပြန်ပြောလာသည်။ "သေချာပေါက် ညီမကြည့်ဖူးတာပေါ့။ ဒီနှစ်တွေကရော ဟိုးအရင်နှစ် တွေတုန်းဟာရော အစ်မချူရဲ့ ဇာတ်ကားတွေအကုန်ကြည့်ဖူးတယ်။"

"ဒါဆို နွေဦးနေ့နဲ့  ချောက်ကမ်းပါးအောက်က ပန်း ဘယ်ဟာကို ပိုကြိုက်လဲ?"

ရှန်းရုန်ရုန် ခဏလောက်စဉ်းစားကာ "ချောက်ကမ်းပါးအောက်ကပန်းပွင့် ၊ဒါပေမယ့် ဒါကညီမအတွက် စောလွန်းတော့ ရှင်းရှင်းလင်းလင်း မမှတ်မိဘူး။"

"တကယ် ရှင်းရှင်းလင်းလင်း မမှတ်မိဘူး?" ချူဝမ် ရိလှောင်ပြောင်ပြောဆိုလိုက်သည်။ "ဒါပေမယ့်မင်းမှတ် မိသင့်တယ်လေ။ ဘာကို ချောက်ကမ်းပါးအောက်က ပန်းပွင့်လဲ?။ အဲ့ဒါက မြူနှင်းတွေအောက်က ပန်းပွင့်လေ။"

ရှန်းရုန်ရုန်ရဲ့ မျက်နှာပေါ်ရှိ အပြုံးသည် ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

ချူဝမ်ရိ က မျက်ခုံးပင့်လိုက်ပြီး သူမကို ကြည့်လိုက်သည်။ "ငါ့ရှေ့မှာ လှည့်စားရဲတယ်ပေါ့။ မင်းလည်း အင်းအားကြီးတာပဲ။ ဘာလို့ ဆက်ပြီး ဟန်ဆောင်ချင်နေရတာလဲ?။"

"အစ်မချူ ၊ ညီမ..."

"ဘယ်သူကမင်းအစ်မလဲ?" ချူဝမ်ရိ သူမချက်ချင်းကြားဖြတ်ပြောလိုက်သည် "ငါ့ကို 'ချူလောင်ရှစ်' လို့ ခေါ်။ အခုကစပြီး ငါ့မျက်စိရှေ့ကနေ ဝေးဝေး​နေ။ မင်းကိုကြည့်​ရတာ​ အော်ဂလီဆန်တယ်​။"

သူမ ပြောပြီးတာနဲ့ မတ်တပ်ထရပ်ကာ အနားယူရန် စာအုပ် တစ်အုပ်ကိုကိုင်ပြီး ဟိုတယ်သို့ ပြန်သွားရန် ပြင်ဆင်လိုက်သည်။

ရှန်းရုန်ရုန်က လိုက်ချင်ပေမယ့် ချူဝမ်ရိ ရဲ့ လက် ထောက်ကသူမကို တားလာသည်။ "အစ်မဝမ်ရိက မင်းကို မကြိုက်ဘူး၊ အဲ့တော့ နောက်မလာပါနဲ့။"

"ဘာတွေဖြစ်နေတာလဲ? အရင်က အစ်မချူနဲ့ ငါ အဆင်ပြေနေခဲ့တာပဲလေ"

လက်ထောက်က ပြုံးလိုက်သည်။ "မင်းဘာတွေလုပ်ထားလဲ မင်းမသိဘူးလား? အစ်မဝမ်ရိ က မင်းရဲ့ အတွေးတွေကို မမြင်နိုင်ဘူးလို့ မင်းတကယ်ထင်နေတာလား?"

သူက ရယ်မောပြီနောက် လှည့်ကာ ချူဝမ်ရိနောက်ကို လိုက်သွားလေသည်။

ပြန်လည်မွေးဖွားပြီးနောက် အနုပညာလောကမှာနာမည်ကြီးလာတယ်Where stories live. Discover now