4 ( Zawgyi)

9.5K 422 2
                                    

ကျန်းလီ : ? ? ?

ဒါက ဘာတွေဖြစ်နေတာတာတုန်း။

ကျန်းလီ တုံ့ဆိုင်းဆိုင်းနဲ့မေးလိုက်တယ် "ဆရာရှန်း သူနဲ့ စကားပြောဖို့ သွားမယ်ဆိုရင် တခြား ဝင်ပြိုင်တဲ့သူတွေကိုဘယ်လိုလုပ်မှာလဲ?"

ရှန်းချီခွန်:  "ဒါရိုက်တာဝမ် ရဲ့ ဒီတိုင်းဟန်ပြလူရွေးပွဲကို ဆိုလိုတာလား။"

ကျန်းလီက မြန်မြန်ပြောတယ် "သေချာပေါက် ညီမအဲ့လိုဆိုလိုတာမဟုတ်ပါဘူး။ညီမကဒီတိုင်း..."

"ကိုယ့်ကိစ္စကိုယ် လုပ်ပါ။ ငါ့ကိစ္စကို မင်းလိုက် သတိပေးနေစရာ မလိုဘူး"

သူပြောပြီးသည်နှင့် ထန်းဇီယု ကိုကြည့်ကာပြောလိုက်သည်။  "သွားကြစို့"

ထန်းဇီယု တုန်တုန်ယင်ယင်ဖြင့် သူ့နောက်သို့ လိုက်သွားလိုက်သည်။

ရှန်းချီခွန်ရြဲ လက်ထောက်သည် ရှန်းချီခွန် နောက်လိုက်ရန် အလျင်စလိုမဟုတ်သော်လည်း ကျန်းလီအား လက်ညှိုးထိုးပြပြီး တစ်ဖက်မှဝန်ထမ်းများအား ပြောလိုက်သည်။"ဒါကဘာဖြစ်တာလဲ။ သူ့ကိုတခြားသူနဲ့ပြောင်းလိုက်။ အစ်ကိုရှန်းရှေ့မှာ သူမကို ထပ်မပေါ်လာစေနဲ့။ ဒုက္ခပဲ။"

ရှန်းချီခွန် က ထန်းဇီယု ကို မလှမ်းမကမ်းက ရုံးခန်းထဲသို့ ခေါ်သွားပြီး ထိုင်ရန် ကုလားထိုင်ကို ဆွဲကာ "ထိုင်" လို့ ပြောလာတော့

ထန်းဇီယုလည်း သတိတကြီးနဲ့ ထိုင်လိုက်သည်။

ရှန်းချီခွန်: "မင်းကိုငါသိတယ်။"

ထန်းဇီယု : ! ! !

ထန်းဇီယုမှာ အလွန်ကြောက်လန့်သွားပြီး ထိုင်ခုံမှ ပြုတ်ကျလုနီးပါးပင်။

သူ ရှန်းချီခွန် ကိုကြည့်လိုက်ပြီး သူ့စိတ်ထဲမှာ စိုးရိမ်စိတ်တွေနဲ့ ပြည့်နှက်နေသည်။

တကယ်လို့သူသာ လျိုရှုကို လူရွေးပွဲမအောင်ရတဲ့အကြောင်းအရင်းက ကုကျိုစစ်ရဲ့ဖန်ဖြစ်လို့ ရှန်းချီခွန်နဲ့ သူ့ဖန်တွေကို သွေးမျက်ရည်ကျအောင် ချခဲ့တယ်ဆိုပြီးပြောလိုက်ရင် လျိုရှုသူ့ကိုဒီလောကထဲကနေတောင်ပျောက်အောင်အောင်လုပ်လောက်တယ်။

ပြန်လည်မွေးဖွားပြီးနောက် အနုပညာလောကမှာနာမည်ကြီးလာတယ်Where stories live. Discover now