41( Unicode)

10.5K 1.3K 16
                                    

ထန်းဇီယု အိမ်တွင် ရက်အနည်းငယ်ကြာဇာတ်ညွှန်း ဖတ်နေပြီးနောက်  စတင်ရိုက်ကူးဖို့အချိန်ရောက် လာသည်။

ကုကျိုစစ်တစ်ယောက် နှစ်ဝက်လောက် ဒရာမာရိုက်ဖို့ မရှိတာကြောင့်  ရိုက်ကူးရေးအဖွဲ့ဆီသို့ သူနှင့်အတူ အဖော်လိုက်ပေးချင်နေသည်။

"မင်းကဘာလာလုပ်မှာလဲ?  ငါတို့မှာ CP ဖန်တွေလုံလုံလောက်လောက်မရှိသေးဘူးလို့များ ထင်နေတာလား?"

ထန်းဇီယုကတော့ ဒါကိုအနည်းငယ်အတိုက်အခံလုပ်လိုက်သည်။

"မလုံလောက်သေးဘူး။ ကိုယ်ကတော့ လူတိုင်းက ကိုယ်တို့ရဲ့ CP ဖန်ဖြစ်လာပြီးတော့ ကိုယ်တို့က လုံးဝလိုက်ဖက်တဲ့အတွဲလို့ မြင်စေချင်တာ။"

ထန်းဇီယု  - မင်းရဲ့ ဝိုင်နီညီအစ်မဖန်တွေကို သတ်မိမှာ ငါကြောက်တယ်!!

"မလိုက်ရဘူး။ လျိုရှုတို့  ရှောင်လုတို့နဲ့ သွားရင် အဆင်ပြေတာပဲဟာ။"

"ဒီတိုင်းကြုံလို့ဝင်လာမှာ။  ကျိုးရိကိုလာတွေ့လို့မရဘူးလား?  ကိုယ်တို့အရင်ကအလုပ်တူတူတွဲလုပ်ခဲ့တာလေ၊ ခုမမြင်ရတာတောင်ကြာပြီ။"

ကျိုးရိသည် ဒီဇာတ်ကား၏ နောက်ထပ်အမျိုးသားဇာတ်ဆောင်ဖြစ်သည့် ရဲမှူးအဖြစ် သရုပ်ဆောင်ထားလေသည်။

ထန်းဇီယု ကတော့ မယုံပါ။

"ငါလည်း မင်းကို မတွေ့ရတာတော်တော်ကြာပြီ။  ဒီတခေါက်တော့ မဆိုးဘူး"

"အိုကေ၊အိုကေ၊မင်းပဲသွားပါ၊ ကိုယ်မလိုက်ပါဘူး၊ဟုတ်ပြီလား၊ ကိုယ်လည်းအဲ့လောက်အရှက်မရှိတဲ့လူမဟုတ်ပါဘူး။"

ကုကျိုစစ် ကူကယ်ရာမဲ့စွာပြောလိုက်ရတော့သည်။

"မင်းက အရမ်းသဘောကောင်းတာပဲ!"  ထန်းဇီယုက အပြုံးလေးနဲ့ပြောလာသည်။  "မင်းသာနာမည်အရမ်းကြီးတဲ့သူမဟုတ်ရင် ငါအဲ့လောက်ကြောက်မှာမဟုတ်ဘူး။"

"ကိုယ်သာ နာမည်သိပ်မကြီးရင်  မင်းကိုယ့်ရဲ့အမာခံဖန်ဖြစ်နေအုံးမှာလား?" 

ကုကျိုစစ် သူ့နားကို တိုးကပ်သွားပြီး သူ့မျက်လုံးများကိုစိုက်ကြည့်လိုက်သည်။

ပြန်လည်မွေးဖွားပြီးနောက် အနုပညာလောကမှာနာမည်ကြီးလာတယ်Where stories live. Discover now