35( Unicode)

9.9K 1.4K 27
                                    

ဖူရုန်စစ်သည် ချင်းချွမ်တောင်ကြားတွင် သူ့ကိုချောက်ချခဲ့တဲ့သူအား သွားတိုက်ခိုက်တော့မည်ဟု ရှန်းဖေးကွမ်ကြားလိုက်ရသောအခါ သူသည် ထိတ်လန့်တကြားပြေးလာခဲ့သည်။

ဖူရုန်စစ်က သူသွေးများဖြင့် သူ့ရဲ့မကျေနပ်ချက် တွေကို ဆေးကြောနေကြောင်း သူမြင်လိုက်ရပြီး ယွီရှောင်လျို့က သူ့အနားတွင်ရှိနေကာ သူ့ကိုချောက် ချသူများထံမှ တရားမျှတမှုရှာရန် အတူတူရှိပေးနေသည်။

သို့သော်လည်းတစ်ဖက်ကလူအရမ်းများနေပြီး မကြာမီ တစ်ဖက်နဲ့တစ်ဖက်တိုက်ခိုက်ကြသည်။

ရှန်းဖေးကွမ်သည် စိုးရိမ်တကြီး စောင့်ကြည့်နေပြီး သူသည်တိုက်ပွဲထဲသို့ ဝင်ရောက်ခဲ့သည်။

ဖူရုန်စစ် သူ့ကို မှတ်မိမှာကို စိုးကာမျက်နှာဖုံးအပြင်မှာ ဦးထုပ်ထပ်ဆောင်းထားသည်။သူ့ခန္ဓာကိုယ်ရှိ စွမ်းအားသည် ခံနိုင်ရည်ထက် ကျော်လွန်နေသည် ကို တဖြည်းဖြည်း ခံစားမိသည်။နှလုံးသားနတ်ဆိုး တားတာကို ကြားပေမယ့်လည်း သူမရပ်ခဲ့ပေ။ ဖူရုန်စစ်က သူ့ကိုငယ်ငယ်တုန်းကကာကွယ်ပေးခဲ့သလိုပဲ သူလည်း ဖူရုန်စစ်ကို ကာကွယ်ပေးချင်ခဲ့သည်။

အကျပ်အတည်းဖြစ်နေသောအခိုက်အတန့်တွင် ရှန်းဖေးကွမ်သည် ဖူရုန်စစ်အတွက် သေမင်းတမန် ဓားကို ဝင်ခံလိုက်သည်။

ရှန်းဖေးကွမ်သည်သူ့ခန္ဓာကိုယ်ထဲက စွမ်းအားတွေက ဒဏ်ရာတစ်လျှောက် ခဏလောက် ပျံ့နှံ့သွားသလို ခံစားလိုက်ရ၏။

ဖူရုန်စစ်က ထိတ်လန့်သွားပြီး သူ့ကို စိုးရိမ်တကြီး မေးလာသည်။ "မင်း...?"

ရှန်းဖေးကွမ်က အသံပြောင်းပြီး "အဆင်ပြေပါတယ်" လို့ တည်ငြိမ်စွာပြောလိုက်သည်။

သူ့ခန္ဓာကိုယ်က ထပ်မထိန်းထားနိုင်တော့ဘူးလို့ သူခံစားမိ၏။ သူထွက်သွားချင်ပေမယ့် ဖူရုန်စစ် က သူ့မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်ရဖို့ စိတ်စောနေလေသည်။ ရှန်းဖေးကွမ်က သူ့ခန္ဓာကိုယ်ရဲ့ နောက်ဆုံးခွန်အားကို အသုံးပြုကာ အဝေးကို ထွက်သွားလိုက်သည်။

"သတိထားပါ၊ ကျွန်တော်က ဒီတိုင်းဖြတ်သွားရင်းနဲ့ အမိုက်စားရှိုးတစ်ခုကို ကြည့်နေရုံပါပဲ။ အခု ကြည့်လို့ပြီးသွားပြီဆိုတော ကျွန်တော်သွားတော့မယ်။" သူသည် ဖူရုန်စစ်အား မရင်းနှီးသောလေသံဖြင့် ပြောလိုက်သည်။

ပြန်လည်မွေးဖွားပြီးနောက် အနုပညာလောကမှာနာမည်ကြီးလာတယ်Where stories live. Discover now