25( Zawgyi)

4.4K 292 2
                                    

ချန်းဖုန်း မျက်မှောင်ကြုတ်လိုက်သော်လည်း သူမသည် အမျိုးသမီးဇာတ်ဆောင်ဖြစ်တာကြောင့် စိတ်ရှည်ရှည်နဲ့မေးလိုက်သည်။ "ဘယ်ဟာလဲ?"

ရွှီစစ်ကျားက ချက်ချင်းပဲ ဇာတ်ညွှန်းကို သူမကို ပြလိုက်သည်။ "လိမ္မော်ရောင်နဲ့ မျဉ်းတားထားတဲ့ လိုင်းတွေပါ။ အဲဒါတွေက ပြောင်းလို့ ရမယ်လို့ ထင်တယ်။ ဖူရုန်စစ် နဲ့ ယွီရှောင်လျို့ တို့က ချစ်သူတွေဆိုတော့ သူတို့တွဲရိုက်မယ့်အခန်းတွေပိုများသင့်ပြီး အတူတူကြုံတွေ့ရမယ့်အခန်းတွေလည်းပိုများသင့်တယ် ဒါမယ့် ယွီရှောင်လျို့ ပေါ်လာနိုင်တဲ့ အခန်းတွေကသိပ်မများဘူးဖြစ်နေတယ်။ ဥပမာဆို ဒီအခန်းတွေအားလုံးက ဖူရုန်စစ်နဲ့ ရှန်းဖေးကွမ် အကြောင်းတွေချည်းဖြစ်နေတယ်။ ဒါက ယွီရှောင်လျို့ ရဲ့ အမျိုးသမီး ခေါင်းဆောင်ဆိုတဲ့ အဆင့်အတန်းကို သိသိသာသာ အားနည်းမသွားစေဘူးလား?"

ချန်းဖုန်းသည် သူမ အမှတ်အသားပြုထားသည့် အပိုင်းကို ကြည့်ပြီး သူမကိုကူကယ်ရာမဲ့စွာ ကြည့်ကာ ပြန်ပြောလိုက်သည်။ "ဒီဇာတ်ကားမှာက အချစ်ဇာတ်လမ်းအပြင်၊ ဆရာတပည့်အကြောင်းလည်း ရှိသေးတယ်။ ရှန်းဖေးကွမ်နဲ့ ဖူရုန်စစ် က အတူတူကြုံတွေ့ခဲ့ရတာတွေလည်းများတယ် အဲ့တော့ အတိအကျပြောရရင် သူတို့အချင်းချင်းက နှလုံသားထဲမှာရှိနေတာ။ အဲ့ဒါကြောင့်လည်း နောက်ဆုံးမှာ ရှန်းဖေးကွမ်က ဖူရုန်စစ်အတွက် သေပေးခဲ့တာ။ ဒါကိုပြောင်းလိုက်ရင် နောက်လူနှစ်ယောက်ရဲ့ ခံစားချက်တွေက အဓိပ္ပါယ်ရှိမှာမဟုတ်တော့ဘူး၊ ရှန်းဖေးကွမ် ဇာတ်ကောင်ရဲ့ ဆွဲဆောင်မှု အရမ်းလျော့ကျသွားလိမ့်မယ်။"

ရွှီစစ်ကျားက ပြုံးပြီးပြန်ပြောတယ် "အားလုံးပြောင်းဖို့ မလိုပါဘူး။ ကျွန်မပြောတာက သူတို့တွဲရိုက်ရမယ့်အခန်းတွေ အများကြီးရှိတယ်လို့ပဲပြောခဲ့တာ ပြောင်းဖို့လိုတယ်လို့မပြောခဲ့ဘူးလေ။ကျွန်မဆွဲထားတဲ့လိုင်းတွေကို ဖူရုန်စစ် နဲ့ ယွီရှောင်လျို့ ဆိုပြီး ပြောင်းလို့ရတယ်လို့ပဲ ပြောတာ။ ဒီလိုဆို အမျိုးသားဇာတ်လိုက် နဲ့ အမျိုးသမီး ဇာတ်လိုက်ရဲ့ ခံစားချက်တွေလည်း ပိုတိုးလာမယ်လေ မဟုတ်ဘူးလား?။"

ပြန်လည်မွေးဖွားပြီးနောက် အနုပညာလောကမှာနာမည်ကြီးလာတယ်Where stories live. Discover now