15 (Unicode)

12.7K 1.9K 6
                                    

အဘွားကုက ဆေးရုံမှာ အချိန်အကြာကြီး မနေရပေ။ နှစ်ရက်နေပြီးနောက် အိမ်ပြန်လာခဲ့သည်။

ထန်းဇီယု ကုအိမ်တော်သို့သွားကာသူမနဲ့အတူညစာစားပြီးနောက် ကုကျိုစစ်ရဲ့ ကားဖြင့် သူ့အိမ်သို့ပြန်လာခဲ့သည်။

"အေးတယ်။ မင်းဒီအင်္ကျီကို ယူသွားလိုက်" ကုကျိုစစ် ကပြောနေရင်းသူ့ အင်္ကျီကိုကမ်းပေးလာသည်။

ထန်းဇီယုကမယူလိုက်ဘဲ "ကျေးဇူးပါ" လို့သာ ပြောပြီး ကားပေါ်ကနေ ဆင်းသွားလိုက်သည်။

အိမ်ပြန်ရောက်ပြီး ဖိနပ်ပြောင်းစီးပြီးနောက် သူခဏလောက်စဉ်းစားနေကာ WeChat ကိုဖွင့်ပြီး ကု ကျိုစစ်ထံစာအိတ်အနီတစ်စောင်ပို့ပေးလိုက်သည်။

ကုကျိုစစ် WeChat မြည်သံကိုကြားတော့ မီးပွိုင့်မီးနီသည်ကို အခွင့်ကောင်းယူကာ ၎င်းကို ကြည့်လိုက် သည်။ ထန်းဇီယုပို့တဲ့  တစ်ကယ် မက်ဆေ့ချ် တစ် စောင်ဖြစ်နေမှန်း သူတွေ့လိုက်ရတော့ အံ့အားသင့် သွားတော့သည်။

သူ အံ့အားသင့်ဖို့ အချိန်မရခင်မှာဘဲထင်ရှားတဲ့ စကားလုံးသုံလုံးကို သူချက်ချင်းမြင်လိုက်၏- [ကားစီးခ]။

ကုကျိုစစ်: ......

ကုကျိုစစ် စာအိတ်အနီကို မဖွင့်ဘဲ ပြန်ပြောလိုက် တယ်။ [ငါက မင်းရဲ့ စေ့စပ်ထားတဲ့သူ။ မင်းကိုလာ ကြိုပြီး ပြန်ပို့ပေးတယ်ဆိုတာလုပ်သင့်တာပဲလေ။]

ထန်းဇီယု ထိုစာကြောင်းကိုကြည့်ပြီး လှောင်ပြောင်လိုက်တယ်။ ကုကျိုစစ် နဲ့ အတူနေတုန်းကတော့ သူ ဒီစကားကို သူ့နှုတ်ခမ်းကနေ ဘယ်တော့မှမပြောခဲ့ဖူးဘူးလေ။ အခု သူ လက်ထပ်စာချုပ်ကို ဖျက်သိမ်းချင်တော့ကြ ကုကျိုစစ်က သူ့ပါးစပ်ကို ဟပြီး စကားတွေပြောလာပြီပဲ။ ဒါတွေကဒီတိုင်း စကားလေးပါပဲလေ။

သူ့ငါ့ကို ဘယ်လောက်သဘောကျလဲဆိုတာငါမသိဘူး။

သူပြန်မဖြေတော့ဘဲရေချိုးပြီးအနားယူဖို့သာ ပြင်ဆင်လိုက်သည်။

* * *

ရက်အနည်းငယ်အတွင်းမှာပဲ 'Spring Festival' ရဲ့ အဖွဲ့သားတွေက တရားဝင်စတင်ခဲ့သည်။ ထန်းဇီယုသူရဲ့ ခရီးဆောင်အိတ်များကို ထုပ်ပိုးပြီး လျိုရှုနဲ့ အတူ ရိုက်ကွင်းအဖွဲ့က ငှါးထားပေးသည့်ဟိုတယ် သို့ ရောက်လာခဲ့သည်။

ပြန်လည်မွေးဖွားပြီးနောက် အနုပညာလောကမှာနာမည်ကြီးလာတယ်Where stories live. Discover now