Extra 5: This Life( Get the Certificate)

10.4K 1.2K 43
                                    

Unicode

(ဒါက ထန်းဇီယုနဲ့ rebirth ဖြစ်တဲ့ဘဝပါ
ကိုယ်ပျောက်ကားလေးလဲပါပါတယ်)

ပူပြင်းသည့်နွေရာသီချိန်မှာတော့ တန်ဇီယူသည် သူ့လက်ထဲမှ အနီရောင်လက်ထပ်ထိမ်းမြားခြင်းစာအုပ်ကို ကြည့်ပြီး အဖျားပိုတက်သွားသလို ခံစားလိုက်ရသည်။

ကုကျိုစစ်က သူ့လက်ထဲမှ လက်ထပ်စာအုပ်အနီကို ယူလိုက်ပြီး သူ့ကိုယ်ပိုင်စာအုပ်နဲ့ တွဲကာ ဓာတ်ပုံရိုက်လိုက်၏။

"မင်းရဲ့ Moments နဲ့ Weibo မှာတင်ဖို့ လုပ်နေတာတော့ မဟုတ်ဘူးမလား?"

ထန်းဇီယု သတိနဲ့မေးလိုက်သည်။

"ကိုယ်လုပ်လိုက်ရမလား?"

ကုကျိုစစ်သည် ကူကယ်ရာမဲ့စွာ ပြန်ပြောလိုက်သည်။

စဉ်းတောင်မစဉ်းစားနဲ့!!! ထန်းဇီယု သက်ပြင်းတစ် ချက်ချလိုက်သည်။

ကုကျိုစစ်သည် သူ့ကို အေးအေးဆေးဆေး ကြည့်လိုက်ပြီး သူ့ခေါင်းနားသို့မှီလိုက်ကာ

"အဲ့တော့ အခု ကိုယ်တို့မှာ လက်မှတ်လည်း ရှိနေပြီဆိုတော့ အိမ်ပြန်လာဖို့ အချိန်ရောက်ပြီ"

သူသည် ထန်းဇီယုရဲ့ အိမ်တွင် တစ်နှစ်ခွဲကျော်နေထိုင်ခဲ့သည်။ ထန်းဇီယုသည် ကုကျိုးစစ်နှင့် ဆက်ဆံရေး လုံးဝဖြတ်တောက်ရန် သူ့အိမ်မှ ထွက်ခွာသွားခဲ့သည်။

အခုတော့ သူတို့နှစ်ယောက်လုံး အိမ်ထောင်ကျသွားပြီဆိုတော့ သဘာဝအတိုင်းပြန်ပြောင်းရမယ့်အချိန် ရောက်လေပြီ။

သူ ထန်းဇီယုကိုကြည့်ကာ သနားစရာကောင်းစွာ ပြောလိုက်သည်။ "အိမ်ပြန်လာနော်။"

ထန်းဇီယုသည် ဒေါသမကြီးတတ်သလို သူသည် အခု အိမ်ထောင်ကျပြီးပြီမို့ ပြောရရင် ဒီလိုကိစ္စမျိုးနဲ့ ပတ်သက်ပြီး သဘာဝအတိုင်းသူနဲ့ ငြင်းခုံနေမည် မဟုတ်ပါ။

"ဟုတ်ပါပြီ။"

သူ ခေါင်းညိတ်ပြလိုက်သည်။ "ငါမနက်ဖြန် ရှင်းပြီး ပြောင်းလာလိုက်မယ်။"

"အိုကေ"

ကုကျိုစစ် သူ့ကို အားရပါးရ နမ်းလိုက်သည်။

ပြန်လည်မွေးဖွားပြီးနောက် အနုပညာလောကမှာနာမည်ကြီးလာတယ်Where stories live. Discover now