28( Zawgyi)

4.5K 298 3
                                    

အေးဂျင့်ကလည်း ချက်ချင်းသဘောတူလာသည် "ရှောင်နိ၊ ဒီလအတွက် မင်းရဲ့ ဘောနပ်စ်မရှိတော့ဘူး။ ဒီလိုမျိုး တိတ်တဆိတ်လုပ်ရင် ကိုယ့်ကိုကိုယ် ပြန်စဉ်းစားပါ။" ရှောင်နိ သည် ထိုအဓိပ္ပာယ်ကို နားလည်လိုက်ကာ အိုးကို သူ့ကိုယ်ပေါ်တင်ဖို့ မတွန့်ဆုတ်နေတော့ပေ။ "တောင်းပန်ပါတယ် အစ်မရုန်ရုန်။ တောင်းပန်ပါတယ် အစ်မရှု။ ညီမခဏတာ ဆွဲဆောင်ခံလိုက်ရလို့ပါ။ ညီမမှားသွားပါတယ်။"

သူမက ထန်းဇီယုနဲ့ ချန်းဖုန်းကို လှည့်ကြည့်လိုက် ကာပြောလိုက်သည်။  "ဒီကိစ္စက အစ်မရုန်ရုန် နဲ့ ဘာမှ မဆိုင်ပါဘူး။ ညီမ အပိုငွေရှာချင်တာ သူမ မသိပါဘူး။ ညီမကသာ လောဘကြီးမိတဲ့သူပါ။ အစ်မရုန်ရုန်က ဘာမှမသိပါဘူး။"

ရှန်းရုန်ရုန်က ဟန်ဆောင်ပန်ဆောင် ပြောလာလေသည်။"မင်းဘာလို့ဒီလောက်တောင် မသိနားမလည်တတ်ရတာလဲ?"

သူမသည် ဝမ်းနည်းနေပုံရပြီး နောက်စက္ကန့်တွင် သူ့လက်ထောက်အမှားအတွက် ငိုနေပုံပင်။

ထန်းဇီယု သူမရဲ့ သရုပ်ဆောင်မှုကို ကြည့်ပြီး ဘာပြောရမှန်းမသိဖြစ်သွားတော့သည်။

ချန်းဖုန်း သူမရဲ့ စိတ်ထဲကနေပြောလိုက်မိတယ်။ ဒါက တကယ့်ကို ကောင်းတဲ့ဖျော်ဖြေပွဲပဲ။ သာမန်အချိန်တွေမှာတော့ ရှန်းရုန်ရုန်တစ်ယောက် ဒီလောက် အစွမ်းထက်ပြီး သရုပ်ဆောင်ကောင်းတာမျိုး သူမ မမြင်ဖူးပါ။

ချန်းဖုန်း စကားမပြောတာကိုမြင်တော့ ရှန်းရုန်ရုန် က ချန်းဖုန်း ယုံမှာကို ကြောက်ကာ သူမက ထန်းဇီယုဘက်သို့ ခေါင်းလှည့်ပြီးပြောလာသည်။  "ထန်းဇီယု ၊ဒီကိစ္စက ငါနဲ့ဘာမှမဆိုင်ဘူး။ နောက်ကို ခြေတစ်လှမ်းဆုတ်ပြီးဒီကိစ္စကငါနဲ့ ဆိုင်လားဆိုတာပြောကြည့်။ နင်ငါ့ကို အခုလိုအနိုင်ကျင့်စရာ မလိုပါဘူး။ အေးဆေးထိုင် ပြောလို့မရလို့လား? မိန်းကလေးတစ် ယောက်ကို အနိုင်ကျင့်တာ နင် ဘယ်လိုယောက်ျားမျိုးလဲ?"

လီရှုက ထိုစကားကိုကြားတော့ ထန်းဇီယုဘက်သို့ ခေါင်းစဉ်လှည့်ရန် သူမစကားနောက်ကိုသံယောင်လိုက်လိာက်သည်။ "ဟုတ်တယ်၊ ရုန်ရုန်ကို မကျေနပ်ရင်တောင် မင်းသူ့ကို စော်ကားလို့မရဘူး!"

ပြန်လည်မွေးဖွားပြီးနောက် အနုပညာလောကမှာနာမည်ကြီးလာတယ်Where stories live. Discover now