37 ပြန်လည်သင့်မြတ်ခြင်း ( Unicode)

10.6K 1.4K 48
                                    

ထန်းဇီယုသည် တစ်ညအိပ်ပြီး နောက်နေ့မနက်ကုအိမ်တော်တွင် ဖက်ထုပ်စားပြီးနောက် အပြင်ထွက် လာခဲ့သည်။

သူ သင်္ချိုင်းမြေသို့ သွားလိုက်သည်။

အရမ်းအေးပြီး နှင်းနည်းနည်းကျနေသော်လည်း ထန်းဇီယုသည် ထီးကိုင်ရန် အလွန်ပျင်းရိနေကာ သင်္ချိုင်းဂူရှေ့တွင် ငြိမ်သက်စွာ ရပ်နေလိုက်သည်။

သူသည် ပန်းကို သူ့ရင်ခွင်ထဲနေ ချလိုက်ပြီး သူ့စိတ် ထဲတွင်တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်- 'အဘိုး၊ နှစ်သစ်ကူးသွားပြီ။ ဒီနှစ်မှာတော့ကျွန်တော့ အရင်အတိုင်း ပြန်ပြောင်းသွားတဲ့အတွက် ကျွန် တော်အရမ်းပျော်တယ်။ ကုမိသားစုက ကျွန်တော့အပေါ်အရမ်းကောင်းကြပါတယ်။ ကုကျိုစစ်နဲ့ ကျွန်တော်တို့စေ့စပ်ပွဲကို ဖျက်လိုက်ပေမယ့်၊ သူတို့က ကျွန်တော့ကို ကောင်းကောင်းကောင်းမွန်မွန်ဆက်ဆံနေတုန်းပဲမို့ စိတ်မပူပါနဲ့။

သူသည် သူ့ရှေ့က အေးစက်နေတဲ့ သင်္ချိုင်းဂူကို ကြည့်လိုက်ပြီး သူ့အဖိုးရဲ့ ရုပ်ပုံကို ထိဖို့ သူလက်လှမ်းမိလိုက်သည်။

ရုတ်တရက် ထန်းဇီယုသည် နှင်းများရပ်တန့်သွားပုံရသည်ဟု ခံစားလိုက်ရတာကြောင့် သူ ခေါင်းကို လှည့်ကြည့်လိုက်ချိန် ကုကျိုစစ် ကဒီနေရာမှာပေါ်လာလေသည်။

ထန်းဇီယု သူ့လက်ကို တိတ်တဆိတ် ပြန်ရုတ်လိုက်သည်။ ကုကျိုစစ်က ထီးကို ကိုင်ထားပြီးတိုးတိုးလေးပြောလာသည်။ "ငါ မင်းအဘိုးကို တွေ့ဖို့ လာခဲ့တာ။"

"မင်းက သူ့ကို ဘာလို့ တွေ့ချင်ရတာလဲ?"

ထန်းဇီယု ခေါင်းညိတ်ပြပြီးမေးလိုက်သည်။

"နှစ်သစ်၊ စဖို့အသစ်လေ။ မင်းအိမ်မှာမရှိတော့ မဒီမှာရောက်မယ်ထင်လို့။"

သူပြောပြီးတာနဲ့ သူ့လက်ထဲကပန်းကို အုတ်ဂူရှေ့မှာ ချလိုက်သည်။

ထန်းဇီယုသည် သူ့အနားတွင် ရပ်နေပြီး သူ့ကို ရှောင်ရန် ခဲယဉ်းနေသည်။

"ဒါပေမယ့် ငါရှက်တယ်။" ကုကျိုစစ်က တိုးတိုးလေးပြောလာသည်။ "သူ မသေခင် မင်းကို ငါ့ဆီအပ်ထားခဲ့ပေမယ့် ငါမင်းကို ဂရုမစိုက်ခဲ့ဘူး။"

ပြန်လည်မွေးဖွားပြီးနောက် အနုပညာလောကမှာနာမည်ကြီးလာတယ်Where stories live. Discover now