18( Zawgyi)

5.7K 336 3
                                    

ထိုညတွင် ထန်းဇီယုသည်ဒါရိုက်တာကိုခွင့်တောင်းပြီး ကုအိမ်တော်သို့ အချိန်မီရောက်လာခဲ့သည်။

ကုကျိုရှင်းသည် အလုပ်မဆင်းသေးကာ အိမ်မှာ အဘွားကု နဲ့ ကုကျိုစစ်သာရှိနေလေသည်။

အဖွားကုကသူ့ကိုမြင်တော့ချက်ချင်းပွေ့ဖက်လာသည်။ "ရှောင်ကျိုပြောတာရုပ်ရှင်ရိုက်နေတယ်ဆို?"

ထန်းဇီယု ခေါင်းညိတ်လိုက်ပြလိုက်၏။ "ကျွန်တော် အိမ်မှာပဲနေတာ ကြာနေပြီလေ။ ကျွန်တော့်မှာလည်းသင့်တော်တဲ့ ဇာတ်ညွှန်းတစ်ခုရှိနေတော့ ကျွန်တော် ရိုက်ဖြစ်သွားတာ။"

"အရမ်းကောင်းတယ်၊ ဒါပေမယ့် အခု မင်းနဲ့ ရှောင် ကျိုနဲ့ တူတူနေရတာ နည်းသွားမှာပေါ့"

ကုကျိုစစ်:  "အဆင်ပြေပါတယ်။ ကျွန်တော်တို့ အချင်းချင်းလည်း ရိုက်လို့ရတယ်။ ဒါမှမဟုတ် သွားလည်လို့လဲရတယ်"

သူက ထန်းဇီယု ကိုကြည့်ကာ- "ရက်နည်းနည်းလောက်စောင့်၊ ငါမင်းရဲ့ရိုက်ကွင်းကိုလာခဲ့မယ်"

ထန်းဇီယု ပြန်ငြင်းလိုက်သည်။ "မလိုပါဘူး။ ရိုက်ကွင်းက လာလည်လို့မရသေးဘူး ။ မင်းလိုနာမည်ကြီးဆို ပိုတောင်မဖြစ်ဘူး။ သေချာပေါက် အုတ်အုတ် အုတ်သောင်းသောင်းဖြစ်ပြီး ရိုက်ကူးရေးအချိန်ကို ထိခိုက်လိမ့်မယ်"

ကုကျိုစစ်: ......

"ငါဒီတိုင်းပဲ လာကြည့်မှာဘာမှမလုပ်ပါဘူး"

"အဲ့ဒါအတူတူပဲလေ " ထန်းဇီယုကအေးအေးဆေးဆေးပဲပြန်ပြောလာတော့

ကုကျိုစစ် ဘာမှပြန်မပြောနိုင်တော့ပေ။

အဖွားကု က သူတို့နှစ်ယောက်ကို ကြည့်ရင်း မျက်လုံးများကို မှိတ်ထားလိုက်ကာ သူမ အတွေးတွေ တလိပ်လိပ်တက်လာတော့သည်။

သူမနဲ့ ထန်းဇီယု စကားအနည်းငယ်ပြောပြီး ခဏတွင် ကုကျိုရှင်းက ပြန်လာသည်။

အန်တီကျန်းက ချက်ပြုတ်ထားတဲ့ ဟင်းလျာတွေကို စားပွဲဆီ ယူလာပြီး "စားလို့ရပြီနော်" လို့ နွေးနွေးထွေးထွေး ပြောလာတော့

အားလုံး မတ်တပ်ထရပ်လိုက်ကာ ထမင်းစားခန်းသို့ သွားလိုက်သည်။

ပြန်လည်မွေးဖွားပြီးနောက် အနုပညာလောကမှာနာမည်ကြီးလာတယ်Where stories live. Discover now