6( Zawgyi)

7.1K 397 11
                                    

ကုကျိုစစ် ကားပေါ်မှဆင်းပြီးအိမ်ရှေ့တံခါးဆီသို့ လျှောက်သွားကာ ထန်းဇီယု ကိုကြည့်လိုက်ပြီး သူ့အစ်ကိုကိုမေးလိုက်တယ်။  "ဘာလို့ဒီမှာရပ်နေကြတာလဲ။ အထဲဝင်ပြီး ပြောလို့မရဘူးလား"

ကုကျိုရှင်း ရင်ထဲမှာတော့ထန်းဇီယုရဲ့စကားများပဲ့တင်ထပ်နေသေး၏။ သူက တံခါးကိုဖွင့်ကာ ထန်းဇီယုကိုပြောလိုက်တယ် "ဝင်ပြီး စကားပြောကြမယ်။"

ထန်းဇီယု က ခေါင်းညိတ်ပြပြီး သူနဲ့အတူ အိမ်ထဲကို လိုက်ဝင်သွားလိုက်သည်။

သူ ဒီကို အကြိမ်များစွာ ရောက်ဖူးတာမို့ ကုမိသားစုရဲ့ အိမ်ကသူ့အတွက်တော့ မစိမ်းပေ။

ဒီအချိန်မှာ နေ့လည်စာကလည်းပြင်ဆင်ပြီးနေတော့ ကုကျိုရှင်း က သူ့ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး "အရင်စားကြမယ် ပြီးရင်ပြောစရာရှိတာပြောကြတာပေါ့" လို့ပြောလာတော့

ထန်းဇီယုလာ်း သဘောတူလိုက်ပြီး ကုကျိုစစ်ကလည်း နာခံမှုဖြင့် "အမ်" လို့ပြန်ပြောလာသည်။

"မင်းရိုက်ကူးရေးပြီးပြီလား" ကုကျိုရှင်းက သူ့ညီကိုမေးလိုက်တယ်။

"ဟုတ်ကဲ့။"

"ထင်ထားတာထက်စောသားပဲ။"

"ရှုတင်ကလည်း ချောချောမွေ့မွေ့ပြီးသွားလို့ စောစောပြန်လာခဲ့တာ" ကုကျိုစစ်က ပျာယာခတ်စွာပြန်ဖြေလိုက်တယ်။

ပြောပြီးတာနဲ့ သူ ထန်းဇီယုကို တိတ်တဆိတ်ကြည့်လိုက်​တော့ ထန်းဇီယုက ခေါင်းငုံ့ထားရင်း ဘာမှမပြောတာကို တွေ့လိုက်ရသည်။

ကုကျိုစစ်:  "မင်းဘာလို့ဒီကိုရောက်နေတာလဲ? ငါ့အစ်ကိုကို လာရှာတာလား?"

"ရှောင်ယု ကအဖွားဆီကိုလာတာ" ကုကျိုရှင်းကအစားဖြေလာပေးသည်။ "အဖွားက ဒီမှာမရှိဘူးဆိုတော့ ဒီကိစ္စကို ငါ့ကိုပြောပြတာ"

သူက သူ့ညီ ကိုကြည့်ကာမေးလိုက်တယ်။  "ရှောင်ယု ဘာဖြစ်နေမှန်းမင်းမသိဘူးလား?"

ကုကျိုစစ် စိတ်ရှုပ်သွား၏။ "သူ ဘာဖြစ်လို့လဲ"

"ရှောင်ယု၊ မင်း ရှောင်ကျို ကို မပြောပြထားဘူးလား" ကုကျိုရှင်းက မေးတော့

ပြန်လည်မွေးဖွားပြီးနောက် အနုပညာလောကမှာနာမည်ကြီးလာတယ်Where stories live. Discover now