5( Unicode)

14.6K 2.1K 59
                                    

လီခဲရေချိုးပြီးနောက် သူ့ရဲ့ ဖုန်းကို ကိုင်လိုက်ပြီး Weibo ကို ကြည့်လိုက်သည်။ မားကတ်တင်း အကောင့်တစ်ခုကတင်ထားတဲ့ 'နာမည်ကြီး သရုပ်ဆောင်ရဲ့ ပထမဆုံးTV စီးရီးတွင် မထင်မှတ်ထားတဲ့ သရုပ်ဆောင်ပါလာမယ်' ဆိုတဲ့သတင်းတွေ့လိုက်ရလေသည်။

ဓာတ်ပုံကတော့ သတင်းပေါက်ကြားစေသော ဖိုရမ်ရဲ့ စခရင်ရှော့ပုံဖြစ်သည်။ ဖန်သားပြင်ဓာတ်ပုံမှ ထိပ်တန်းငါးဦးတွင် သုံးဦးမှာ ထန်းဇီယု
ဟုတ်မဟုတ် ခန့်မှန်းနေကြသည်ကို ရှင်းရှင်းလင်းလင်း တွေ့နေရသည်။

Weibo မှတ်ချက်တွေတွင်လည်း "ထန်းဇီယုလား။ တကယ်သူဖြစ်မလား။ လွန်ခဲ့တဲ့သုံးနှစ်ကတည်းကရုပ်ရှင်မရိုက်တော့ဘူး မလား" စသည့်မှတ်ချက်များတွေ့ရလေသည်။

ထန်းဇီယုဖန်များက "ထန်းဇီယုကို မဖုံးကွယ်ထားပါနဲ့တော့ သူသုံးနှစ်တောင်သရုပ်မဆောင်ခဲ့ဘူးလေ" လို့ အဆောတလျင် အော်ဟစ်လိုက်ကြသည်။

လီခဲ ဒေါသထွက်စွာစားပွဲကို လက်သီးနဲ့ ထိုးလိုက်တယ်။

ဘယ်လောက်ကြာနေပြီလဲ? ထန်းဇီယုအနားယူပြီးချိန်က ဘယ်လောက်ကြာနေပြီလဲ? ဘယ်သူက သူ့ကိုမှတ်မိနိုင်မှာလဲ!

ဒီလိုကောင်းတဲ့နေရာရအောင် သူ့နဲ့ထိုက်တန်လို့လား?

လီခဲ သူ့ရဲ့Weibo ကို ပိတ်လိုက်ပြီးအေးဂျင့်ကိုဖုန်းခေါ်လိုက်သည်။ "ဒီသတင်း မြင်ပြီးပြီလား?ရှန်းချီခွန်ဒရာမာအတွက်ထန်းဇီယုလူရွေးပွဲသွားမယ်ဆို"

ဝမ်ကျန်းကရယ်ကာ ပြန်ပြောလာတယ်။ "နောက်နေတာလား? သူ့မှာ လူရွေးပွဲလုပ်ဖို့ အရည်အချင်း မရှိဘူး၊ ဘယ်လို လုပ်သူဖြစ်နိုင်မှာလဲ?"

"သူတခြားတစ်ယောက်ကို ဆက်သွယ်လိုက်တာလဲ ဖြစ်နိုင်တာပဲ"

ဒါကို ဝမ်ကျန်းကြားတဲ့အခါ စဉ်းစားလိုက်မိတယ်။ လျိုရှုဖြစ်နိုင်တာပဲ။ ၊ဒါပေမယ့် ဒါက ကြီးကြီးမားမား ပြဿနာမဟုတ်ပါဘူး။

"စိတ်မပူပါနဲ့။" ဝမ်ကျန်း က သူ့ကို စိတ်ငြိမ်အောင် ပြောလာတယ်။ "ထန်းဇီယု က အခု ငါ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာ။ ငါမလွှတ်ဘူး။ လူရွေးပွဲ မှာအောင်လည်း အသုံးမဝင်ဘူး။"

ပြန်လည်မွေးဖွားပြီးနောက် အနုပညာလောကမှာနာမည်ကြီးလာတယ်Where stories live. Discover now