32( Zawgyi)

4.4K 287 3
                                    

ထန်းဇီယု ဇာတ်ညွှန်းကို ကိုင်ကာ သွားလိုက်ပြီး ဒါရိုက်တာဝမ်က ဒီနေ့ ကုကျိုစစ်နဲ့ ရိုက်ကူးမည့် ဇာတ်ကွက်ကွက်သုံးကွက်၏ အဓိကအချက်များအကြောင်း ပြောပြသည်ကို နားထောင်နေလိုက်သည်။

ကုကျိုစစ်သည် သူ့ကို ကြည့်လိုက်ပြီး၊ ဒီနေ့ သူ့ရဲ့ပုံစံလေးကို စိတ်ထဲက အသေးစိတ် ချီးကျူးမိလိုက်သည်။

ဒါရိုက်တာဝမ်သည် ကုကျိုစစ်ရဲ့ အမြင်အာရုံမှာ သူ့သူ့ဆီမှာလည်း မရှိ၊ သူ့လက်ထဲက ဇာတ်ညွှန်းပေါ်တွင်လည်း မရှိကြောင်း ရုတ်တရက် သိလိုက်သောအခါ သူကသိချင်စိတ်ဖြင့် မေးလိုက်သည် "ရှောင်ကု မင်းဘာလို့ ရှောင်ထန်းကို စိုက်ကြည့်နေတာလဲ?"

ကုကျိုစစ်က ပြုံးလိုက်ကာ:  "သူ ဒီနေ့တော်တော်လှနေတယ်"

"ဟုတ်ပ၊ အထူးသဖြင့် ငါတို့ ဝတ်စုံတွေက အံဝင်ခွင်ကျဖြစ်နေတာ၊ ကြည့်မကောင်းတာ ဘယ်ဟာရှိလို့လဲ?"

ကုကျိုစစ် ခေါင်းညိတ်လိုက်သည်။ "ဆက်ပြောပါ။"

ဒါရိုက်တာဝမ်က ဇာတ်ညွှန်းအကြောင်း ထပ်ပြီးပြောလာသည်။

ဇာတ်ညွှန်းအကြောင်းပြောပြီးသည့်အခါ ရှန်းချီခွန် လည်း ရိုက်ကွင်းသို့ရောက်လာသည်။ဒါရိုက်တာဝမ် က သူတို့ကို ဇာတ်ညွှန်းကို အရင်လေ့ကျင့်ခိုင်းလိုက်ပြီး ရှန်းချီခွန်ကိုတော့ သူကိုယ်တိုင်သွားရှာလိုက်သည်။

ထန်းဇီယုသည် မနေ့ညက ကုကျိုစစ်နှင့် လေ့ကျင့်ပြီးပြီးဖြစ်တာကြောင့် "ကျွန်တော်ရေသောက် လိုက်အုံးမယ်" လို့ ယဉ်ယဉ်ကျေးကျေးပြောကာထွက်သွားလိုက်သည်။

ကုကျိုစစ် သူ့နောက်ကို မလိုက်သွားဘဲ သူအနားယူသည့်နေရာသို့ ပြန်လာပြီး ကုလားထိုင်မှာထိုင်ကာ အနားယူနေလိုက်သည်။

ဒါရိုက်တာဝမ်သည် ရှန်းချီခွန် နှင့် ရွှီစစ်ကျားတို့ရဲ့ အခန်းများ ရိုက်ကူး ပြီးသောအခါ၊ ထန်းဇီယု နှင့် ကုကျိုစစ်အား အတူဇာတ်ဝင်ခန်းများရိုက်ကူးရန် ပြောလာလေသည်။

ဒီနေ့အခန်းတွင် ရှန်းဖေးကွမ်သည် ဆေးကိုကျိုချက်ပြီး ဖူရုန်စစ်ကို ပြုစုလိုသော်လည်း ဖူရုန်စစ် သည် ယွီရှောင်လျို့ရဲ့ ဆေးကို သောက်နေပြီဖြစ် ကြောင်း သူတွေ့လိုက်ရသည်။

ပြန်လည်မွေးဖွားပြီးနောက် အနုပညာလောကမှာနာမည်ကြီးလာတယ်Where stories live. Discover now