10( Unicode)

14K 2K 133
                                    

ကုကျိုစစ်မှင်တက်သွား၏"အစ်ကို မင်းရူးနေလား။  သူငယ်ချင်းရဲ့ မိန်းမနဲ့တောင်မဖောက်ပြန်သင့်တာ ညီရဲ့မိန်းမနဲ့ဆို ပိုလို့တောင်မဖောက်ပြန်သင့်ဘူး။

ကုကျိုရှင်း က သူ့ကို ကြည့်ပြီး အေးဆေးပြောတယ် "ရှောင်ယုက အဲ့နေ့က မင်းနဲ့လက်ထပ်စာချုပ်ကို ဖျက်သိမ်းဖို့ အိမ်ကို လာခဲ့တာလေ မင်းမသိဘူးလား?"

"ဒါပေမယ့် ကျွန်တော်သဘောမတူခဲ့ဘူးလေ။"

"အိမ်ထောင်တစ်ခုမှာတောင် တစ်ဖက်လူကကွာရှင်းချင်ရင် ကွာရှင်းလို့ရတာပဲ၊ လက်ထပ်ဖို့လုပ်ထားတဲ့စာချုပ်တစ်ခုဆိုရင်ပြောမနေနဲ့တော့၊ရှောင်ယုက မင်းကို လက်မထပ်ချင်ဘူးလေ မဟုတ်ဘူးလား
?"

ကုကျိုရှင်း က အပြုံးလေးနဲ့ပြောလာတယ်။  "ဘာပဲဖြစ်ဖြစ် မင်းသူ့ကို မကြိုက်ဘူးလေ၊ လက်ထပ်တာကိုလည်း သဘောမတူခဲ့ဘူး။  အခုတော့ ပျက်သွားဆိုတော့ ကျောက်ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ထိသွားသလိုပဲလေ၊ ဒါကကောင်းတာပဲ။"

ကုကျိုစစ်:   "ကျွန်တော်က အသက်ငယ်ငယ်လေးနဲ့ လက်မထပ်ချင်လို့ ပြီးတော့ အိမ်ကစီစဉ်ပေးတဲ့အိမ်ထောင်ရေးကိုလည်း သဘောမကျလို့သဘောမတူခဲ့တာ။  အခုဘယ်ခေတ်ရောက်နေပြီလဲ? ပဒေသရာဇ်တွေရဲ့ အကျင့်ဆိုးလိုပဲ..."

ကုကျိုရှင်း က သူ့စကားကိုကြားဖြတ်ကာပြောလာသည်။ "ပဒေသရာဇ် အကျင့်ဆိုးနဲ့ ခေတ်မမီတော့တဲ့ အတွေးအခေါ်တွေမှန်း ငါသိတယ်။  မင်းလို ခေတ်ရေစီးကြောင်းလိုက်တဲ့သူက ဒါမျိုးတွေကို ပဓေသရာဇ်အကျင့်ဆိုးလို့ထင်လို့ မင်းရှောင်ယုကိုလက်မထပ်ချင်မှန်းငါနားလည်တယ်။မင်းကိုလည်းထောက်ခံတယ်၊ ခေတ်ကတိုးတက်နေတာ။  လက်ထပ်တာကလွတ်လပ်ပြီး အချစ်ကလည်း လွတ်လပ်တယ်။"

"ဒါတောင်လုပ်အုံးမလို့လား?"

"အဲ့တော့  ငါက မင်းအတွက် ဝန်ထုပ်ဝန်ပိုးတွေကို ခွဲဝေပေးနေတာမဟုတ်ဘူးလား? ငါက မင်းနဲ့ မတူဘူး။  ငါ့မှာ မင်းလို မြင့်မြတ်တဲ့ အသိဥာဏ် မရှိဘူး။  ကလေးအနမ်းတွေရှိနေသရွေ့ဒီအိမ်ထောင်ရေးကိုငါ လက်ခံတယ်။  ရှောင်ယုက မင်းရဲ့မျိုးရိုးနာမည် ကုနဲ့မနေနိုင်မှတော့  သေချာပေါက် ငါ့မျိုးရိုးနာမည်ကု ပဲကျန်တော့တယ်လေ။"

ပြန်လည်မွေးဖွားပြီးနောက် အနုပညာလောကမှာနာမည်ကြီးလာတယ်Where stories live. Discover now