13( Zawgyi)

5.8K 334 4
                                    

စိတ်ရှုပ်ထွေးနေသော ကုကျိုစစ်နဲ့မတူဘဲ ထန်းဇီယုကတော့ ဇာတ်ညွှန်းကို မှောင်သွားသည့်တိုင်အောင် ဖတ်ပြီးနောက် ဗိုက်ဆာလာတော့သည်။

သူက ကိုင်ထားတဲ့ ဇာတ်ညွှန်းကို ချလိုက်ပြီး Sandwich ပြင်ဆင်ဖို့ မီးဖိုချောင်ထဲကို ဝင်လာလိုက်သည်။

သူ ခရမ်းချဉ်သီးလှီးနေရင်း လျိုရှုနဲ့တိုင်ပင်စရာရှိတော့ ဖုန်းခေါ်လိုက်၏။ "ကျွန်တော် ဇာတ်ညွှန်းမှာလိုနေတာတစ်ခုတွေ့တယ်။ ဒါမယ့်အဲ့ဒါက ကျွန် တော် ရိုက်ရမယ့်အခန်းတော့မဟုတ်ဘူး ဇာတ်ညွှန်းရေးဆရာကိုမေးလိုက်ရမလား? ဒါမှမဟုတ် ဒီတိုင်းထားလိုက်ရမလား?"

လျိုရှုက တည့်တိုးသာမေးလာသည်။ "ဘယ်သူ့အခန်းလဲ?"

"ရှန်းလောင်ရှီး အခန်း။"

"ဇာတ်ညွှန်းဆရာနဲ့ စကားပြောချင်လား?"

"အလုပ်အရဆိုရင်တော့ ပြောရမယ်ထင်တယ်။"

"ဒါဆို အရင်ဆုံးရှန်းလောင်ရှီးနဲ့ ဆက်သွယ်လို့ကြည့်လိုက်။ ဒီဒရာမာရဲ့ ဇာတ်ညွှန်းဆရာက ဆရာမချန်းဖုန်းလေ။ အစ်မတို့ သူနဲ့ အလုပ်မလုပ်ဖူးဘူး။ သူ့ ပင်ကိုစရိုက်က တော်တော် အေးစက်ပြီး ဒေါသ အရမ်းကြီးတယ်ဆိုတာကိုတော့ ဒီနယ်ပယ်က လူတွေအကုန် ကြားဖူးတယ်။ မင်းက သူနဲ့ မတွေ့ဖူးသေးဘဲ စ ပြန်ရိုက်တာနဲ့ သူရဲ့ ဇာတ်ညွှန်းအမှားကို ထောက်ပြလာလို့ အကောင်းမမြင်ခံရဘဲ နေအုံးမယ်နော်။"

"သူနဲ့မတူတာက ရှန်းလောင်ရှီးက မင်းနဲ့ ပိုရင်းနှီးပြီး မင်းကို အမြဲဂရုစိုက်တယ်လေ။ မင်းရဲ့အမြင်တချို့ကို သူ့ကိုပြောပြရင် မင်းကို အလုပ်ရှူပ်တယ်လို့မြင် မဟုတ်ဘူး၊ သူက မင်းမှန်တယ်ထင်ရင် သူကဇာတ်ညွှန်းရေးဆရာကို သဘာဝကျကျ ဆက်သွယ်လိမ့်မယ်။ မလိုအပ်ဘူးလို့ ထင်ရင်တော့ ဒါက သူ့ရိုက်ရမယ့်အခန်းလေ။ အဲဒါကို စိတ်ပူစရာမလိုဘူး။"

"ဟုတ်ကဲ့" ထန်းဇီယုက ခေါင်းညိတ်ပြီးကျေးဇူးတင်လိုက်တယ် "ကျေးဇူးပါ အစ်မလျို။"

"ရပါတယ် ဒါပေမယ့် မင်းက တကယ်ကြီး လေးလေးနက်နက်ဖတ်နေတာပဲ။ ဇာတ်ညွှန်းရဲ့ အမှားတောင် ရှာတွေ့လိုက်သေး။"

ပြန်လည်မွေးဖွားပြီးနောက် အနုပညာလောကမှာနာမည်ကြီးလာတယ်Where stories live. Discover now