8( Unicode)

14.5K 2.1K 90
                                    

ထန်းဇီယု ကုကျိုစစ်ရဲ့ မှင်တက်နေသောအချိန်ကိုအခွင့် ကောင်းယူကာ သူ့ကို တွန်းထုတ်ပြီး ထွက်သွားလိုက်သည်။

ကုကျိုစစ် သူ့ နောက်လိုက်ချင်ပေမယ့်လည်း ကုကျိုရှင်းက သူ့ကို တားလာလေသည်။

"မလိုက်နဲ့။ အခု ဒီကိုလာပြီး မင်းနှစ်​​ယောက်​ကြားက ကိစ္စ​တွေကို ငါ့ကို​ပြော​"

"ကျွန်တော်တို့နှစ်ယောက်ကြားကဘာကိစ္စလဲ?" ကုကျိုစစ် ခက်ထန်စွာ ပြန်ဖြေလိုက်တော့

ကုကျိုရှင်းက သူ့အိတ်ကပ်ထဲ လက်တစ်ဖက်ကို ထည့်ကာ ရယ်လိုက်ပြီးပြောလာတယ်။ "ရှောင်ယုက မင်းနဲ့ လက်ထပ်စာချုပ်ဖျက်သိမ်းချင်နေတဲ့အကြောင်းလေ ၊မဟုတ်ဘူးလား?"

"သူဒီတိုင်းအလေးအနက်မထားပဲ လျှောက်ပြောနေတာ"

"ဒါဆို မင်းကအခုဘာလို့ စိတ်တိုနေတာလဲ?"

"ကျွန်တော်ဘယ်မှာစိတ်တိုနေလို့လဲ?"

"မင်းစိတ်မတိုဘူးလို့သာပြောတာ မင်းလက်သီးတွေဆုပ်ထားပါလား။"

ကုကျိုစစ်တစ်ယောက် သူ့လက်ဆစ်များ အားလုံးဖြူဖျော့နေမှန်း တွေလိုက်ရတော့မှ သူက သူ့လက်ကို အမြန်လွှတ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်တယ်။ " ဂရုမစိုက်ဘူး"

"လာ၊ စကားပြောရမယ်။"

ကုကျိုရှင်းက စကားပြီးတာနဲ့ လှည့်ပြီး စာကြည့်ခန်းထဲကို ဝင်သွားလေသည်။

* * *

ထန်းဇီယုပိုက်ဆံထုတ်လိုက်ကာ လျိုရှုကိုဖုန်းခေါ်လိုက်ပြီး နောက်နေ့ကုမ္ပဏီကိုသွားမယ့်အကြောင်းပြောပြလိုက်သည်။

ဒါပေမယ့် သူဖုန်းချပြီးပြီးချင်း ကုကျိုစစ်ဆီကဖုန်းဝင်လာ၏။

ထန်းဇီယု ဖုန်းမကိုင်ဘဲနေလိုက်တယ်။

ကုကျိုစစ် က သူ့ကို WeChatကနေစာပို့လာတယ်- [ဖုန်းကိုင်အုံး၊ ငါမင်းနဲ့ပြောစရာရှိတယ်။]

ထန်းဇီယု ဖုန်းကိုကြည့်လိုက်ပြီး ဂရုမစိုက်ပဲဒီတိုင်း ထားလိုက်တော့

ကုကျိုစစ်ရဲ့ ဖုန်းခေါ်သံက ထပ်ထွက်လာကာ ထန်းဇီယုသူ့ကိုတန်း ဘလော့လိုက်တော့သည်။

ပြန်လည်မွေးဖွားပြီးနောက် အနုပညာလောကမှာနာမည်ကြီးလာတယ်Where stories live. Discover now