39( Unicode)

10.5K 1.5K 43
                                    

မေလတွင် ထန်းဇီယုသည် ပြောမပြတတ်အောင် စိုးရိမ်နေမိသည်။ သူ့အရင်ဘဝတွင်၊ မေလမှာဘဲ မတော်တဆမှုတစ်ခုကြုံခဲ့ရသောကြောင့် ယခုဘဝတွင် ထန်းဇီယုသည် သတိကြီးစွာထားပြီး၊ လျိုရှု အား သူ့ရဲ့လှုပ်ရှားမှုအားလုံးကို ခဏနောက်ပြန်ဆုတ်ခိုင်းထားကာ၊ ယခုလကို ဘေးကင်းစွာနေထိုင်ရန်စီစဉ်ထားလေသည်။

ကုကျိုစစ်သည် ရိုက်ကူးရေးပြီးသွားသောအခါ၊ ရိုက်ကူးရန်လိုအပ်သော မဂ္ဂဇင်းကာဗာများနှင့် ကြော်ငြာအချို့မှလွဲ၍ အခြားလုပ်စရာမရှိသောကြောင့် ထန်းဇီယုရဲ့ အိမ်တွင်သာနေနေပြီး သူနှင့်အတူ ချက်ပြုတ်ရန် သင်ယူနေသည်။

ထန်းဇီယု သင်နေချိန်၊ သူ့အရင်ဘဝတုန်းက ကုကျိုစစ်သည် ဒီအချိန် အပြင်မှာ ရုပ်ရှင်ရိုက်နေတာကို အမှတ်တမဲ့ သတိရမိသွားသည်။

"မင်းအခုရက်ပိုင်း ရိုက်စရာဇာတ်ကားရှိတယ်မဟုတ်ဘူးလား?"

"ပြီးသွားပြီ။"

ကုကျိုစစ် ပြန်ဖြေလိုက်သည်။

ထန်းဇီယု မျက်မှောင်ကြုတ်ကာ ခဏလောက်စဉ်းစားပြီး ထပ်မေးလိုက်သည်။

"မင်းအရင်က "Two-thirds of the Dream" ရုပ်ရှင်ရိုက်ဖူးလား?"

"ရိုက်ဖူးတယ်။"

"The Opposite" လို့ ခေါ်တဲ့ ဇာတ်ညွှန်းရော မင်းမရခဲ့ဘူးလား?"

"ရတယ် ၊ဒါပေမယ့် ကိုယ်မလုပ်တာ။"

"ဘာလို့လဲ?"

ထန်းဇီယု အံ့ဩသွားတော့သည်။ အရင်ဘဝတွင် ကုကျိုစစ်သည် ဒီဇာတ်ကားကို ရိုက်ကူးနေကြောင်း သူ မှတ်မိသည်။

"ကိုယ်ယူလိုက်ရင် ကိုယ်အဖွဲ့ထဲကိုချောချောမွေ့မွေ့တော့ဝင်နိုင်တယ်။ ဒါမယ့်ကိုယ်အသားမကျသေးဘူး။ ကိုယ်က အမြဲတမ်း တစ်ကားထဲ ရိုက်ပြီး လနည်းနည်းလောက် အနားယူတာ ပြီးမှ နောက်တစ်ကြိမ် ထပ်ရိုက်တာ။"

ထန်းဇီယု မျက်မှောင်ကြုတ်လိုက်သည်။ သူရဲ့ ပြန်လည်မွေးဖွားခြင်းသည် ဖရိုဖရဲ အခြေအနေကို အမှန်တကယ်ဖြစ်စေသည်ဟု ယောင်ဝါးဝါးခံစားမိလိုက်လေသည်။ သူရဲ့ အရင်ဘဝတွင် ကုကျိုစစ်သည် "Spring Festival" ဒါမှမဟုတ် "Two-thirds of the Dream" ကိုရိုက်ကူးခြင်းမရှိခဲ့ပေ၊ သို့သော် ယခုဘဝတွင် ကုကျိုစစ်သည် "The Opposite" ကိုမရိုက်ကူးခဲ့ပေ။

ပြန်လည်မွေးဖွားပြီးနောက် အနုပညာလောကမှာနာမည်ကြီးလာတယ်Where stories live. Discover now