3( Zawgyi)

8.8K 405 3
                                    

ကျယ်ဝန်းသော အခန်းတွင်းထဲတွင် အသက်နှစ်
ဆယ်ကျော်လူငယ် အများအပြား ထိုင်နေကြ၏။တစ်ချို့က တီးတိုးရေရွတ်ရင်း တစ်ချို့က လိုင်းတွေရွတ်ရင်း တစ်ချို့က ဖုန်းကိုကြည့်နေကြသည်။

ထန်းဇီယု ထောင့်တွင်ထိုင်ကာ သူ့ရှေ့ကလူများကို ကြည့်လိုက်မိ၏။  တချို့က သူ့ကို သိပေမယ့် တချို့က မသိကြပေ။

WeChat အသံမြည်လာတော့ ထန်းဇီယု ဖွင့်ကြည့်လိုက်တယ်၊  လျိုရှု : [စိတ်မပူပါနဲ့။  မင်းရဲ့ ပုံရိပ်က ကောင်းလောက်အောင် မင်းရဲ့ သရုပ်ဆောင်စွမ်း
ရည်ကလည်းကောင်းတယ်။  ဒီလူတွေက မင်းနဲ့
နှိုင်းလို့တောင် မရဘူး။]

လျိုရှု : [ဒါရိုက်တာက မင်းကို ကြိုက်မှာပါ၊ လီခဲ က မင်းထက်စောပြီး အဖွဲ့သားတွေကို ဆက်သွယ်ခဲ့တာတောင် ဒီနေ့လူရွေးပွဲစာရင်းမှာတောင် မပါဘူး။  ဒါက မင်းမှာ အခွင့်အရေးကောင်းတွေရှိနေသေး
တယ်ဆိုတာပဲ။"]

ထန်းဇီယု က ပြန်ပြောလိုက်တယ်- [ကျွန်တော် စိတ်မလှုပ်ရှားပါဘူး ၊ ဒီတိုင်းဒီလိုမကြုံဖူးလို့ပါ။  နည်းနည်း ထူးဆန်းနေတာ။]

လျိုရှုက သူ့ဆီက မက်ဆေ့ခ်ျကို ကြည့်ပြီး ရယ်
လိုက်တယ်။

ထန်းဇီယု ရဲ့ပထမဆုံးဇာတ်ကားမှာ ကုမ္ပဏီရဲ့အရင်းအမြစ်များမှရယူခဲ့တာဖြစ်တယ်။  လူရွေးပွဲ လုပ်စရာမလိုပဲ တိုက်ရိုက်ဆုံးဖြတ်ခဲ့တယ်။

အမှန်တော့ ဒါက သူ့ရဲ့ ပထမဆုံး လူရွေးပွဲ ဖြစ်
လေတယ်။

ဝန်ထမ်းတွေက ဝင်လာပြီး "ထန်းဇီယု" လို့ အော်
လာတော့

ထန်းဇီယု မတ်တပ်ထရပ်ပြီး ဝန်ထမ်းနှင့်အတူ ထွက်လာခဲ့တယ်။

အခန်းထဲက တစ်ယောက်ယောက်က တိုးတိုးလေးပြောလာတော့သည်။ "ဒါက တကယ်ပဲ သူပဲ။  သူနဲ့တူတယ်လို့ ငါပြောသားပဲ?"

"ဒါဆို သူပြန်လာပြီလား?"

"သုံးနှစ်လောက်ရှိပြီ ဆိုတော့ သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်က ရှိရောရှိသေးရဲ့လား။"

"သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်က သာမာန်ပါပဲ"

အခန်းထဲတွင် စောင့်ဆိုင်းနေသော သရုပ်
ဆောင်များကတိုးညှင်းသော အသံဖြင့် ပြောဆိုနေကြပြီး  ထန်းဇီယုကတော့လူရွေးပွဲခန်းထဲသို့ ဝင်ပြီး
နောက်  သူ့လုပ်ဖော်ကိုင်ဖက်များကို
နှုတ်ဆက်လိုက်သည်။

ပြန်လည်မွေးဖွားပြီးနောက် အနုပညာလောကမှာနာမည်ကြီးလာတယ်Where stories live. Discover now