26( Zawgyi)

4.5K 301 5
                                    

သို့သော် နောက်တစ်နေ့ နေ့ခင်းတွင် ရှန်းရုန်ရုန်မှာ အလွန်ငြိမ်နေသည်။

သူမသည်တိတ်တိတ်ဆိတ်ဆိတ်ပဲရိုက်ကူးပြီးအနား ယူကာ၊ တစ်ခါတလေအခြားသူများနှင့် စကားစမြည်ပြောနေလေသည်၊ ရိုက်ကွင်းထဲမှာပဲ နေပြီးရွှီစစ်ကျားကိုရှာရန် ဟိုတယ်သို့ ပြန်မသွားခဲ့ပေ။

"အစ်မသူမကို သေချာကြည့်​​ထားအုံး။" ထန်းဇီယု စိတ်ပူသွားပြီး လျိုရှုကို ပြောလိုက်တော့

လျိုရှုက ခေါင်းညိတ်ပြသည်။ "အစ်မသိပါတယ်"

သူမပြောပြီးသည်နှင့် ရှန်းချီခွန်က သူတို့ဆီလျှောက်လာသည်။

"အတူတူစားကြမလား?"

ထန်းဇီယု သူ့နာရီကို ကြည့်လိုက်သည်။ "ကောင်းပြီလေ"

သူ မတ်တပ်ထရပ်ပြီး ရှန်းချီခွန် နဲ့အတူ ဟိုတယ်မှ စားသောက်ဆိုင်သို့ သွားလိုက်သည်။

"ငါမင်းကိုပြောစရာရှိတယ်။" ရှန်းချီခွန်က လမ်းလျှောက်နေရင်းပြောလာသည်။ "ကြီးကြီးမားမားတော့ မဟုတ်ပေမယ့် မင်းသိသင့်တယ်ထင်လို့။"

"ဘာများလဲ?" ထန်းဇီယုမေးလိုက်သည်။

"ဒီနေ့နေ့လည်တုန်းက ရွှီစစ်ကျားက ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာကိုဇာတ်ညွှန်းကို ထပ်ထည့်ချင် တယ်ဆိုပြီး လာပြောတယ်။ သူက မင်းနဲ့ ငါရဲ့အခန်းတွေမှာ သူ့ကိုယ်သူ ထည့်ချင်နေတာ။"

ထန်းဇီယုအံ့ဩသွားသည်။ "ဒါရိုက်တာဝမ် က သဘောတူလား?"

"ဘယ်တူပါ့မလဲ၊ ဒါပေမယ့် ကိုယ့်ကိုကိုယ် သတိထားအုံး၊ ဒီရက်ပိုင်း ရွှီစစ်ကျားကိုနည်းနည်းရှောင် ပြီး သူ့ ဒေါသတွေကနေ လွတ်အောင်နေ။"

ထန်းဇီယုသည် မွန်းတည့်ချိန်တုန်းက ဓာတ်လှေကားဝင်ပေါက်မှာ တွေ့ခဲ့တဲ့ အကြောင်းကို ချက်ခြင်း တွေးလိုက်မိသည်။ ကြည့်ရတာသူ စိုးရိမ်လွန်နေတဲ့ပုံပဲ။ ရှန်းရုန်ရုန်နဲ့ မဆိုင်ဘူးထင်တယ်။

သူက ခေါင်းညိတ်လိုက်သည်။  "ကျွန်တော်သိပါပြီ"

သို့သော် သူက ရွှီစစ်ကျားကို တမင်တကာ ရှောင် နေသော်လည်း ရွှီစစ်ကျားကတော့ သူ့ကို မရှောင်ခဲ့ပေ။

ပြန်လည်မွေးဖွားပြီးနောက် အနုပညာလောကမှာနာမည်ကြီးလာတယ်Where stories live. Discover now