21( Unicode)

12.8K 1.8K 115
                                    

ကုကျိုစစ် တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ ဝိုင်ကို သောက်လိုက်သည်။ သူပိုသောက်လေလေ မမူးလေလေပင်။

ထန်းဇီယု အဘိုးရဲ့ ဈာပနနေ့ကို သူတွေးနေမိတယ်။ ထန်းဇီယုသည် သူ့အဘိုးရဲ့ ရုပ်အလောင်းမီးသဂြိုလ်နေသည်ကို ကြည့်ရင်း သူ မငိုပဲမနေ
နိုင်ခဲ့။

သူသနားစရာကောင်းလောက်အောင် ငိုခဲ့တာမို့ကုကျိုစစ် သူ့နှလုံသားပျော့ပျောင်းသွားသလိုတောင် ခံစားမိခဲ့သည်။ သူ့ဆီလျှောက်သွားလိုက်ရင်း ထန်းဇီယုရဲ့လက်နှစ်ဖက်ကို သူဆွဲကိုင်လိုက်ပြီး

"မငိုနဲ့။ မင်းအဘိုးဆုံးသွားပေမယ့် အခုချိန် ကစပြီး ငါက မင်းရဲ့မိသားစုပဲ ငါမင်းကိုစောင့်ရှောက်မယ်။"လို့ သူပြောခဲ့မိသည်။

ဤသည်မှာ ထန်းဇီယုရဲ့ အဘိုးအတွက်သူပေးခဲ့သော ကတိတစ်ခုဖြစ်သည်။ သူသဘောတူခဲ့ရင် သူမှတ်မိနေရမည်။

ထန်းဇီယု သည် ထိုစကားကြားသောအခါ ပို၍ ငိုခဲ့သည်။ ကုကျိုစစ်က သူ့နောက်ကျောကို ပုတ်ပြီး အသုဘပွဲပြီးတဲ့အထိ သူ့ကို ပွေ့ဖက်ပြီး အိမ်ပြန်ပို့ပေးခဲ့သည်။

သူ့ထွက်သွားမှာကို ဝမ်းနည်းစွာကြည့်နေသော ထန်းဇီယုကို မြင်တော့ သူက တကယ် ငယ်သေးတာပဲ။ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုများကို ခံနိုင်ရည်မရှိနိုင်လောက်အောင် ငယ်လွန်းသည်ဟု ရုတ်တရက် ခံစားလိုက်မိလိုက်သည်။

သူက ထန်းဇီယုရဲ့ခေါင်းကိုပုတ်ပေးလိုက်ပြီး အိမ်ပြန်လာခဲ့လိုက်လေသည်။

နောက်တော့ ထန်းဇီယုက သူ့ဆီလာပြီး "ကျွန်တော် တူတူနေချင်တယ်" လို့ မဝံမရဲလေး ပြောလာခဲ့သည်။

ကုကျိုစစ် အတွက် ငြင်းစရာ အကြောင်းတော့မရှိပေ။ သူက သူရဲ့စေ့စပ်ထားသူဖြစ်သည်။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဆန္ဒရှိသည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ။ထို့ကြောင့် ထန်းဇီယု ပြောင်းရွှေ့ရန် ကူညီပေးခဲ့သည်။

ထို့နောက်မှာတော့ အရာအားလုံးဟာ နေသားကျလာခဲ့သည်။ ထန်းဇီယု ပြောင်းရွှေ့လာပြီး ထန်းဇီယုရှိတဲ့ ဘဝကို သူလက်ခံခဲ့သည်။

ပြန်လည်မွေးဖွားပြီးနောက် အနုပညာလောကမှာနာမည်ကြီးလာတယ်Where stories live. Discover now