Part - 3

42.2K 2.9K 113
                                    

Part - 3

                                       
                   My Oleander Hubby

အာခေါင်တွေထဲပဲ ခြောက်နေသလိုလို ၊ ကိုယ်တွေလက်တွေပဲ ကိုက်ခဲနေတော့သလိုလို ခံစားနေရပြီး ခေါင်းတွေထဲလဲ တဒိန်းဒိန်း ။ အိပ်ယာနိုးနိုးချင်း ပထမဆုံးမှတ်မိတာက ဟိုလူနဲ့အတူတူနေခဲ့တာ ။
တစ်ညလုံးနိီးပါးဆိုပါတော့ ။

သူ နဲ့အတူနေမိပြီး အခုထိ Club ကနားနေခန်းထဲအိပ်နေမိတာများလား ။ မျက်လုံးကို အားယူဖွင့်ကြည့်လိုက်တော့ မရင်းနှီးတဲ့ ပတ်ဝန်းကျင်ကြောင့် Club ထဲမှာမဟုတ်တာသေချာနေပြီ ။ အဲထက်ပိုပြီး သေချာတာကတော့ အခုရောက်နေ
တာက အိပ်ခန်းတစ်ခု ။ ဘယ်အချိန်များ ကိုယ့်ကိုခေါ်လာတာပါလိမ့် ။ အခန်းထဲကို ဝေ့ကြည့်လိုက်တော့ ကိုယ့်နေတဲ့ အိမ်ရဲ့တစ်အိမ်လုံးစာအကျယ်လောက်ရှိတဲ့ အိပ်ခန်းက ခမ်းနားထည်ဝါစွာ ။

ကိုယ်အိပ်နေတဲ့ကုတင်ကလည်း လူတစ်ကိုယ်လုံးနစ်ဝင်မတက်နူးညံ့အိစက်လို့ ။ တစ်ခန်းလုံးကို အညိုရောင်ဖျော့ဖျော့တွေနဲ့အလှဆင်ထားပြီး အခန်းနံရံမှာတော့ မြန်မာမှုလက်ရာကောက်ရိုးပန်းချီတွေ ၊ နောက်ပြီး ရောင်စုံပန်ချီကားတွေ ။

ပလက်အိပ်နေရာကနေ ဟိုဘက်ဒီဘက်လှုပ်ကြည့်မိတော့ ခါးအောက်ပိုင်းနာကျင်မှုက ဆိုးဆိုးရွားရွားဖြစ်နေတာမို့ ထပြီးထိုင်လို့လဲမရ။  ဒါကြီးကတော်တော်ဆိုးတဲ့ အနေအထားကြီးပါလားလို့ လက်တွေ့ သိခွင့်ရလိုက်ပါတယ် ။ ညက ဟိုသူတောင်းစားကိုပြောပါတယ် ၊ ဖြေးဖြေးလုပ်ပါဆိုတာကို စကားနားမထောင်ဘူး ။

သူတောင်းစားက သူမခံရတိုင်း စွတ်ရွတ်ထိုးနေတာ ။ ဆေးထိတဲ့သူက ကိုယ်မဟုတ်ဘဲ သူဖြစ်နေသလားပဲ ။ တစ်ချက်လေးမှကိုမနားတာ ။ တစ်ခါဝင်လာပြိီးတာနဲ့ မနားတမ်းဆွဲလို့ရတဲ့ အဝစားဘူဖေးနဲ့များ မှားသွားတာလား ။

နူးညံ့လွန်းတဲ့ အညိုရောင်ပန်းပွင့်တွေနဲ့စောင်ကိုဖယ်ကြည့်လိုက်တဲ့အခါ ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ ချည် သားအစစ်နဲ့ချုပ်ထားတဲ့ အကောင်းစားညအိပ်ဝတ်စုံ ။ သန့်ရှင်းရေးလုပ်ပေးထားမှန်းသိသာစွာ ခန္ဓာကိုယ်အနံ့အသက်ကလဲ မွှေးပျံ့လို့ ။ ရင်ဘက်တွေနဲ့ လွတ်နေတဲ့အသားပေါ်မှာတော့ အနီရောင်အကွက်တွေက ရဲရဲစာနေတာ အသားညိုသူမို့သာတော်တော့တယ် ။ လုပ်အားရော စုပ်အားပါ တော်တော်ကြီးကိုပြင်းတဲ့လူပါပဲ ။

My Oleander Hubby ( Completed ) Where stories live. Discover now