Part - 25

24.7K 1.8K 118
                                    

Part - 25

                My Oleander Hubby

ကိုယ့်ကို တစ်ချက်ပြုံးပြလာရင် အနားကနေ
ဖြတ်လျှောက်သွားတဲ့ မေနှင်းရဲ့အပြုံးတွေက
လုံလောက်စွာအသက်ဝင်မနေ ။ လူကြီးကတော့ ဘာမှမဖြစ်ထားသလိုပုံစံမျိုးနဲ့ အိမ်ပေါ်ထပ်ကို
တက်သွားသည် ။ ကိုယ်နဲ့ မျက်နှာချင်းဆိုင်တွေ့
တိုင်း ကိုယ့်မျက်လုံးတွေနဲ့ ဘယ်တော့မှဆုံအောင်
မကြည့်တာ မေနှင်းရဲ့ပုံစံပါ ။

အစပိုင်းကသတိမထားမိပေမယ့် အိမ်မှာနေတဲ့
ရက်ကြာလာတော့ကိုယ်သေသေချာချာ သတိထားနေမိပြီ ။ မေနှင်းဟာ ကိုယ့်ကိုဘယ်တုန်းကမှအားနာသမှုနဲ့တောင် စကားပြောတာမရှိခဲ့ ။
ဒါကြောင့်ပဲ လူကြီးတို့မိသားစုနဲ့မေနှင်းရဲ့ပတ်သက် မှုကို အခုထိတိုင်ကိုယ်သေသေချာချာမသိသေးပါ ။ ကိုယ်ကလဲ မေးချင်စိတ်ရှိမနေတာကြောင့် တကူးတက မေးမကြည့်ဖြစ်သလို လူကြိီးကလဲ
အလိုက်တသိပြောပြတာမျိုး မရှိခဲ့ ။

မေနှင်းဟာ ကိုယ့်ကို ပြောစရာစကားရှိလာရင်
တောင် လူကြီးကိုပြောသလိုအနေအထားနဲ့
တစ်ဆင့်ခံပြောတက်သည် ။ အခုလဲ လှေကားမှာ
မျက်နှာချင်းဆိုင်တွေ့လာတဲ့အခါ လူကြိီးကိုသာ
ခေါင်းလေးညှိမ့်ပြသွားပြီး ကိုယ့်ကိုတော့ အနားမှာမရှိတဲ့လူလို ဘေးနားကနေ မသိမသာဖြတ်
လျှောက်သွားလေသည်။

ရာဇ်ကတော့ အရာအားလုံးကို တိတ်ဆိတ်စွာ
အကဲခတ်နေရင်းနဲ့ စိတ်ထဲမှာတော့ အတွေးတွေကရှုပ်ထွေးနေ၏ ။ ဘာကိုမှတိကျစွာမသိဘဲ
ကိုယ့်ပါးစပ် ကနေ သူတို့ရဲ့မသင်္ကကာဖွယ်ရာ
အကြောင်းတွေကို စွတ်စွဲပြောဆိုလိုက်မယ်ဆိုရင် တဖက်လူတွေက သူတို့ခြေလှမ်းတွေကို အချိန်မှီ ထိန်းထိန်းသိမ်းသိမ်းနေဖို့အတွက် သတိပေး
လိုက်သလိုဖြစ်သွားမှာကိုသိနေတာကြောင့် ပိုနေမြဲကျားနေမြဲ ဘာဆိုဘာမှကိုသတိမထားမိတဲ့
သက္ကရာဇ်အဖြစ်နဲ့သာ တစ်ဖက်လူတွေကို မြင် ထားစေချင်သေးပါသည်။

ဒါက ကစားပွဲတစ်ခုသာဆိုရင် အစထဲကသုံး
ယောက်တစ်ယောက် ကစားနေရပွဲမို့ ကိုယ်က
အလိုလိုနေရင်းတောင် ရှုံးဖို့ ရာခိုင်နှုန်းတွေများ
နေတာလေ ။

My Oleander Hubby ( Completed ) Where stories live. Discover now