Part - 47

39.9K 1.5K 24
                                    

Part - 47 (Extra)

📌A/N - ဂျွန်ပိစိငယ်ဘဝကို Extra အပိုင်းသစ်အနေနဲ့ဖြည့်ပေးထားပါတယ်။

                

                My Oleander Hubby

နံရံပေါ်မှာ ခံ့ခံ့ညားညားရှိနေသည့် မိသားစုဓာတ်ပုံ
အသစ်စက်စက်လေးကို မမှိတ်မသုန်မျက်ဝန်းတွေနဲ့
ငေးမဝဖြစ်နေသူကတော့ ဂျွန့်ဒယ်ဒီပါပဲ ။
ဓာတ်ပုံထဲမှာသူရောကိုယ်ပါ နှစ်ယောက်စလုံးက
တစ်ချိန်ကမင်္ဂလာပွဲမှာဝတ်ခဲ့ဖူးသည့် မင်္ဂလာဝတ်စုံ
လေးကိုသာပြန်ဝတ်ထားပြီ ဂျွန့်ပိစိလေးကိုလဲ
ကိုယ်တို့နှင့်ဆင်တူဖြစ်မည့် ဝတ်စုံအသစ်လေးကို
ဝတ်ပေးထားသေး၏ ။ ကိုယ်ကသားကိုချီထားပြီး
ဂျွန့်ဒယ်ဒီရဲ့ လက်တစ်ဖက်က ကိုယ့်ရဲ့ခါးကိုသိုင်း
ဖက်ထားလေသည် ။ သားဖသုံးယောက်စလုံး၏
အပြုံးတွေကြောင့် မြင်ရသူတိုင်းကို စိတ်ချမ်းသာမှု
တွေပေးစွမ်းနိုင်လေသည် ။ အရင်ကရိုက်ခဲ့ဖူးသည့်
ပုံနှင့်သိပ်မကွာဘူးထင်ရပေမယ့် တကယ်တမ်း
ပြန်တွေးကြည့်မယ်ဆိုရင် ဓာတ်ပုံနှစ်ပုံ၏ တန်ဖိုးသည်
များစွာကွာခြားနေလေသည် ။

အတုအယောင်တွေနှင့်ပြည့်နှတ်နေသည့် ဓာတ်ပုံထက်
စာရင် အခုဓာတ်ပုံထဲမှာမြင်နေရသည့် စိတ်လိုလက်ရ
အပြုံးအစစ်အမှန်တွေက မိသားစုဆိုသည့်အဓိပ္ပါယ်
ကိုပိုပြီးလေးနက်လာစေတယ်လေ ။

" ဂျွန့်ဒယ်ဒီ! ဒီတစ်နေ့လုံး အဲဒီဓာတ်ပုံရှေ့ကနေ
ခွာဖို့စိတ်ကူးမရှိတော့ဘူးလား ၊ မနက်ထဲကကြည့်နေ
တာလေ ၊ ဒီလောက်ကြည့်ရရင်တော်ရောပေါ့ "

ကိုယ့်စကားကြောင့် ဂျွန့်ဒယ်ဒီက ရှက်သွားသလို
အပြုံးနဲ့လှည့်ကြည့်လာရင်းကနေ ---

" အဟား !ဟား! ရာဇ်ကလဲကွာ ကိုယ်က
သဘောကျလို့ပါ "

" ဟုတ်ပါပြီ ဂျွန့်ဒယ်ဒီ အရမ်းသဘောကျနေမှန်းသိပါ
တယ် ၊ သဘောကျလဲ ညမှပဲဆက်ပြီးကြည့်တော့နော်
အခု ဂျွန့်ကိုကျောင်းသွားကြိုရတော့မယ်လေ ၊ နာရီကို
ပြန်ကြည့်ဦး ၊ ကျောင်းကြိုနောက်ကျရင် ခင်ဗျားသား
ကဆရာကြီးစတိုင်နဲ့ ခင်ဗျားကိုဆူလိမ့်မယ် ၊ သိတယ်
မဟုတ်လား ခင်ဗျားသားအကြောင်းကို "

You've reached the end of published parts.

⏰ Last updated: Oct 26, 2022 ⏰

Add this story to your Library to get notified about new parts!

My Oleander Hubby ( Completed ) Where stories live. Discover now