Part - 24

23.2K 1.7K 105
                                    

Part - 24

                My Oleander Hubby

" ရာဇ်! !! ကိုယ်ပြောစရာရှိလို့ "

ညဘက်အလုပ်တွေပြီးလို့ နှစ်ယောက်သားအိပ်
ဖို့ပြင်နေကာမှ လူကြီးကစကားစလာတာကြောင့် ---

" ပြောကြည့်! !!!!"

အရင်ကဆို သူကိုအခုလိုပြန်ပြောရင် ဒေါသထွက်တက်တဲ့လူကြီးက စိတ်ဆိုးဒေါထွက်တဲ့ပုံမပြဘဲ
ခဏလောက်ငြိမ်နေပါတယ် ။ တစ်စုံတစ်ရာကို
ပြောသင့်အပြောသင့် ချင့်ချိန်နေပုံပင် ။ ခဏကြာမှ
----

" မာမီ နဲ့အဆင်မပြေတာရှိလာရင် နည်းနည်း
လောက် သည်းခံပေးလို့ရမလား ၊ မင်းနဲ့မာမီကို
အဆင်မပြေဖြစ်မှာစိုးလို့ "

ရာဇ် အလွယ်တကူပဲခေါင်းညှိမ့်ပြလိုက်ကာ ----

" ရပါတယ် ၊ ကျွန်တော်က သန်ဘက်ခါလောက်
ဆို အလုပ်ကိုပြန်သွားတော့မှာ ၊ အိမ်မှာရှိနေစရာ
မှမလိုတာ ၊ အဲတော့ လူကြီးမာမီနဲ့လဲ အချိန်ပြည့်
တွေ့ဖို့အကြောင်းသိပ်တော့မရှိဘူး ၊ နောက်တစ်ခုက ညနေစာကို အဆင်ပြေရင် အပြင်ကနေပဲစား
လိုက်လိုက်မယ် ၊ အလုပ်ကအပြန် ဝင်စားလာလို့ရတယ် "

အလုပ်နဲ့ပတ်သက်ပြီး ပြဿနာအကြီးအကျယ်ဖြစ်
ထားတာကြောင့် ကိုယ်အလုပ်ပြန်သွားဖို့ကို
တော်တော်ကြီးအတိုက်အခံပြောရမယ်လို့ တွေးထားပေမယ့် မပြောမဖြစ်တာကြောင့်လဲ ပြော
လိုက်ရတာပါ ။

" အလုပ်ကိုသွားမယ်ဆိုလဲ သွားလေ ၊ ညနေစာကိုတော့ အိမ်မှာပဲအတက်နိုင်ဆုံးစားပါ ၊ ဒါကလဲ
မင်းအိမ်ပဲဟာ ၊ သီးသန့်ကြီးရှောင်စရာမလိုပါဘူး ၊ ကိုယ်လဲရှိနေတာပဲ ၊ ဘာမှတော့မဖြစ်ပါဘူး ၊
ကိုယ်က စိုးရိမ်လို့ကြိုပြောထားတာပါ "

လူကြီးဘက်က ကိုယ်ကြိုတွေးထားသလိုမျိုး ပြင်းပြင်းထန်ထန်ကန့်ကွက်လာတာမရှိဘဲ ကြည်ကြည်ဖြူ
ဖြူပြန်ပြောလာတာကြောင့် ထူးဆန်းနေတယ်လို့
ခံစားလိုက်ရပြန်သည် ။ တဆက်ထဲမှာပဲ သိချင်တာကိုမေးလိုက်မိတယ် ။

" ဒါနဲ့ လူကြီးအမေကို ကျွန်တော့်ကို သဘောမကျဘူးထင်တယ်နော် ၊ စကားပြောလာတာကတစ်မျိုး
ပဲ "

My Oleander Hubby ( Completed ) Where stories live. Discover now