Part - 10

26.3K 2.2K 71
                                    

Part - 10

                My Oleander Hubby

နေ့လည်ကဆေးသောက်ဖို့အတွက် ထမင်းနည်း
နည်းပဲစားတယ်လို့ အိမ်အကူတွေက သတင်းပေးလာတာကြောင့် နာရီကိုကြည့်လိုက်တော့ ညကိုး
နာရီအတိ ။ နေမကောင်းတဲ့သူကို စောင့်မယ်ဆိုပြီး
အိမ်မှာနေနေပေမယ့် အလုပ်ထဲမှာအရေးပေါ်
ကိစ္စဖြစ်လာလို့ ခဏဆိုပြီးထွက်သွားလိုက်တာ
အိမ်ပြန်ရောက်တဲ့အချိန် မိုးတောင်ချုပ်နေပြိီ ။

" ညနေစာကို ဘာမှမစားတာလား "

" ဟုတ်ကဲ့ ဘာစားချင်လဲလို့ မေးတော့လဲ ဘာမှ
မစားချင်ဘူး ၊ ဘယ်သူမှလဲမလာနဲ့တဲ့ ၊ တစ်ခုခု
ကိုစိတ်တိုနေတဲ့ပုံစံကြီးမို့ ထပ်ပြီးလဲမမေးရဲ
တော့လို့ပါ"

ဒီအိမ်မှာရှိနေတဲ့ အလုပ်သမားတွေအကုန်လုံးက
ကိုယ်နဲ့ရာဇ်ရဲ့ ပတ်သက်မှုကို ရိပ်မိနေကြတာ
ကြောင့် ရာဇ်ကိုလဲ မလေးမစားမလုပ်ရဲကျပါ ။

" သူ့အိမ်ပြန်ဖို့အကြောင်းကိုရော ပြောသေးလား "

" အဲဒါတော့ ပြောသံမကြားဘူးရှင့်  "

" ဟုတ်ပြီး!! ဆေးသောက်ရင်စားဖို့ အဆင်ပြေ
တာလေး တစ်ခုခုလုပ်ပေးပြီး ငါ့အခန်းကိုပဲလာ
ပို့လိုက်  "

" ဟုတ်ကဲ့ "

အိမ်အကူကလေးမလေး လှည့်ထွက်သွားတာနဲ့
ကိုယ့်အခန်းရှိတဲ့အပေါ်ထပ်ဆီ တက်လာလိုက်
သည် ။ အခန်းတံခါးကို ဖွင့်လိုက်တယ်ဆိုတာနဲ့
အခန်းထဲမှာ ဆေးလိပ်ထိုင်သောက်နေတဲ့သူ ။
နေမကောင်းဖြစ်နေတာကို ဘာလို့များ ဆေးလိပ်
ဖွာနေရတာတုန်း ။

အနားကိုလျှောက်သွားလိုက်တာနဲ့ ထိုင်ရာကနေ
မက်တပ်ထရပ်လိုက်တဲ့ ရာဇ်ကြောင့် သူ့လက်ကို
လှမ်းဆွဲထားလိုက်ကာ ---

" ကိုယ့်ကိုမြင်တာနဲ့ ဘယ်ကိုထပြေးဖို့ကြံနေတာ
လဲ ၊ နောက်ပြီး ဒီအခန်းထဲမှာ ဆေးလိပ်
သောက်လို့မရဘူးလေ ၊ အနံ့တွေစွဲကုန်လိမ့်မယ် ၊ နေကလဲ ကောင်းကောင်းမကောင်းသေးပဲနဲ့ ၊ အခု
ချိန်မှာ ဘာလုပ်သင့်တယ် မလုပ်သင့်ဘူး ဆိုတာမျိုး
ဒီလောက်လေးတောင် မင်းမသိဘူးလား "

အရပ်ချင်းက မတိမ်းမယိမ်းမို့ အတူတူမျက်နှာချင်း
ဆိုင်ပြီးရပ်လိုက်တဲ့အချိန် မျက်နှာနှစ်ခုက နီးကပ်
စွာတည်ရှိနေပြန်၏ ။ ရာဇ်ရဲ့ မျက်ဝန်းတွေဟာ
အေးစက်မာကျောနေပြီး ခတ်ထန်ကြမ်းတမ်းနေ
တာကို မထင်မှတ်ပဲတွေ့လိုက်ရတာကြောင့်
မနက်က လောလောလပ်လပ်ဖြစ်ထားတဲ့ ပြဿ
နာကို ပြန်သတိရမိသွားသည် ။ အခုချိန်ထိ ဒေါသ
မပျယ်သေးတာနေမယ် ။

My Oleander Hubby ( Completed ) Where stories live. Discover now