Part - 34

28.7K 2.1K 118
                                    

Part - 34

                 My Oleander Hubby

" ဒီညနေ ဘယ်သူနဲ့တွေ့ဖို့ စီစဉ်ထားရမလဲ ဆရာ "

အတွင်းရေးမှူးလေး မေးလာတဲ့စကားကြောင့် ကိုယ့်ကို တွေ့ဖို့ခွင့်တောင်းလာတဲ့သူတွေရဲ့စာရင်းကိုကြည့်လိုက်သည် ။ အားလုံးပေါင်းဆို ဆယ်ယောက်
ထက်မနည်း ။ အကုန်လုံးကို လက်ခံပြီးတွေ့ပေးဖို့
မဖြစ်နိုင်တာကြောင့် ---

" ဦးထွန်းလှအောင်တို့နဲ့ တွေ့ဖို့စီစဉ်လိုက် ၊ နောက် ပိုင်း ကိုယ်တို့က ဒီနေရာမှာ ဝိုင်နဲ့ပတ်သက်တာတွေလုပ်မှာဆိုတော့ သူတို့နဲ့အဆင်ပြေရင် အကျိုးယုတ် စရာမရှိဘူး "

" ဟုတ်ကဲ့ ဆရာ "

" နောက်ပြီး ကိုသက်အောင်ကိုပါ တစ်ခါထဲတွေ့
ဖို့ပြောလိုက် ၊ သူလဲ ဦးထွန်းလှအောင်နဲ့ရင်းနှီးတဲ့သူဆိုတော့ သီးသီးသန့်သန့်တွေကျတာထက် မိတ်ဆွေတွေဆုံကျတဲ့ပုံစံမျိုးပဲတွေ့ဖို့စီစဉ်ပေး "

" ဟုတ်ကဲ့ပါဆရာ ၊ နေ့လည်လောက်ဆို အကုန်စီစဉ်ထားလိုက်ပါ့မယ် "

လက်ထဲကကြည့်လက်စ ဖိုင်တွေကိုပိတ်လိုက်ရင်း ---

" အခု စက်ရုံကိုသွားကြည့်ရအောင် ၊ ဖွင့်ထားတာက သိပ်မကြာသေးတဲ့ စက်ရုံဆိုတော့ လိုအပ်ချက်
တွေကရှိနေမှာပဲ ၊ သွားစစ်ဆေးပြီး လိုအပ်တာတွေ
ဖြည့်ပေးရမယ် "

" အဲဒါဆို ကားအဆင်သင့်ပြင်ထားလိုက်ပါ့မယ် "

" Okay "

သိဒ္ဓိကတော့ စက်ရုံကိုသွားတဲ့လမ်းတစ်လျှောက်မှာ
မရောက်တာကြာနေပြီဖြစ်တဲ့ ပြင်ဦးလွင်ရဲ့လမ်းဘေးဝဲယာရှုခင်းတွေကိုငေးကြည့်ရင်း လိုက်လာမိသည် ။ စက်ရုံအသစ်ဖွင့်တဲ့အချိန်တုန်းကလဲ နိုင်ငံခြားခရီစဉ်ရှိနေလို့ ကိုယ်မရောက်လာနိုင်ခဲ့ ။ စိတ်ချရတဲ့
ဒါရိုက်တာအဖွဲ့ဝင်တစ်ယောက်ကိုသာ လွှတ်ခဲ့ရသည်။ အခုမှပဲ လာစစ်ဆေးနိုင်တာကြောင့် ရက်ကြာကြာလေးနေဖို့တွေးမိသည် ။ လမ်းဘေးဝဲယာကိုငေး
ကြည့်ပြီးလိုက်လာတဲ့အချိန် တစ်နေရာအရောက် မှာတော့ ကိုယ့်ရဲ့ကားနဲ့ယှဉ်ပြီး မောင်းလာတဲ့ဆိုင် ကယ်တစ်စီး ။

My Oleander Hubby ( Completed ) Where stories live. Discover now