Part - 13

26.4K 2K 85
                                    

Part - 13

                My Oleander Hubby

တဆစ်ဆစ်ထိုးကိုက်နေတဲ့ နားထင်ကြောတွေကို
အသာလေးဖိထားလိုက်ရင်း ငြိမ်နေလိုက်မိတယ် ။ ညက သောက်တာဘယ်လောက်တောင် များသွားလဲသာမသိ ။ နိုးလာတဲ့အချိန်မှာ လူကလုံးဝကို
မဟန်နိုင်ဖြစ်နေတာ ။ တစ်ခါမှ ညကလောက်
မသောက်ခဲ့ဖူးတာလဲ ပါမှာပေါ့ ။

အိပ်ယာထဲကမထနိုင်တဲ့ကိုယ့်မှာ ဟိုဘက်
ဘက်ဘက် လူးလွန့်နေမိသည် ။ ညက ဟိုလူ
ကြီးပဲ ကိုယ့်ကို အခန်းထဲခေါ်ထည့်ပေးတာလား။
ဒါကိုလဲ သေသေချာချာမမှတ်မိ ။

" ရာဇ်! !! အိပ်ယာနိုးရင် ထပြီးရေချိုးတော့ "

နိုးတာနဲ့ ဒီစောက်သံကို စပြီးကြားရပါပြီ ။
မကြားသလိုမျိုး ဆက်ပြီအိပ်နေပေမယ့်
ရုတ်တရက် ကိုယ့်ခြေထောက်တွေဆီကို
တဆက်ဆက်နဲ့ လာထိတဲ့အထိအတွေ့ ။

" သက္ကရာဇ် !!! အိပ်ရာကနေထတော့လို့
ပြောနေတာကို မကြားဘူးလား ၊ အန်ဖက်ဆို့
ပြီး သေမှာစိုးလို့ ငါမှာ ညကလဲတစ်ညလုံး
မအိပ်ပဲနဲ့ ငုတ်တုတ်ထိုင်ပြီးတော့ကို
စောင့်ပေးနေရတယ် ၊ ဒီမနက်လဲ မင်းအိပ်ယာ
ကမနိုးမချင်း အလုပ်မသွားရသေးဘူး ၊
ထတော့ !! ထပြီးရေချိုးလိုက် "

သူ့ဘာသာ ပြောချင်ရာသာပြော ၊ ကိုယ်က
မသိသလို မကြားသလိုနေနေတာကြောင့် ---

" သက္ကရာဇ် !! ငါ နောက်တစ်ခွန်းထပ်ပြီး
မနှိုးချင်ဘူးနော် ၊ ထပေတော့ဆို ၊ ငါမှာ
အလုပ်တွေရှိသေးတယ် ၊ ထတော့ မြန်မြန်လေး "

ကိုယ့်ခြေထောက်ဆီကို လာထိနေတဲ့ အထိ
အတွေ့နဲ့အတူတူ အသံတွေကလဲ အဆက်
မပြတ်မို့ မျက်လုံးဖွင့်ကြည့်လိုက်တော့
ဦးသိဒ္ဓိက ကုတင်အစပ်က ကိုယ့်ခြေထောက်
တွေကို သူ့ခြေထောက် နဲ့ကန်ပြီး အိပ်ယာနှိုး
နေတာ ။

ကိုယ့်ကိုလာကန်နေတာမို့ ဒေါသထွက်လာပြိီး
ခြုံထားတဲ့စောင်ကို ဆွဲခွာလိုက်ကာ ကိုယ့်
အသားကိုလာထိနေတဲ့ သူ့ခြေထောက်
တစ်ဖက်ကို ကိုယ့်ခြေထောက်နဲ့ပြန်ပြီး
စောင့်ကန်ပေးလိုက်ပါတယ် ။

တဖက်က ကိုယ့်ကို စနောက်ကန်နေတာ
ဖြစ်ပြီး ၊ ကိုယ်ကတော့ အားထည့်ကာ
အမှန်အကန်ပြန်ကန်ထုတ်လိုက်တာ ။
စောက်ကြောမတည့်တဲ့အထဲမှာ အဲလို
မထိတထိ လာလာစတာတွေလဲပါတယ်။
ကန်ချက်က ပြင်းတာကြောင့် မက်တပ်ရပ်
နေတဲ့ ခန္ဓာကိုယ်က ယိုင်ထွက်သွားရတဲ့
ဦးသိဒ္ဓိ ။ လဲကျမလိုဖြစ်သွားပေမယ့်သူ့ဘာသာ
ဟန်ချက်ပြန်ထိန်းလိုက်ရင်း ---

My Oleander Hubby ( Completed ) Where stories live. Discover now