Part - 17

24.7K 1.8K 33
                                    

Part - 17

                My Oleander Hubby

" Ring !!! Ring !!! Ring !!! "

အသစ်ထွက်မယ့် အမျိုးသားဝတ် အင်္ကျီရဲ့ဒီဇိုင်းကို
သေသေချာချာကြည့်နေတုန်းမှာပဲ ဖုန်းဝင်လာတဲ့အသံကိုကြားလိုက်ရတာကြောင့် ကြည့်လိုက်မိတော့
မထင်မှတ်ထားတဲ့ အမည်လေးတစ်ခုမို့ ဇျာန် ရွှင်ရွှင်ပြပြ ပြုံးလိုက်မိတယ် ။ နောက်ဆုံးမှာတော့ လချီ
ပြီး ကိုယ် မျှော်နေခဲ့ရတဲ့ ဖုန်းနံပါတ်လေးက ကိုယ်ဖုန်းထဲအဝင်Call အနေနဲ့ ဝင်လာခဲ့ပြီလေ ။ မျှော်ရတယ်ဆိုတဲ့ခံစားချက်ကို ကောင်းကောင်းကြီးသိအောင်လုပ်ပေးသွားတဲ့ ကောင်လေး ။ ဖုန်းကို ချက်ချင်း
ကိုင်လိုက်ရင်း ---

" Hello သက္ကရာဇ် !! ကိုယ့်ဆီ ဖုန်းဆက်လာတော့
ထီထိုးရတော့မယ်ထင်တယ် "

" အဟား !!ဟား!! အကိုကလဲဗျာ ကျွန်တော့်ကို
ရှက်အောင်ပြောနေပြန်ပြီ "

ခပ်ဝဲဝဲရှက်သံလေးကို ကြားလိုက်ရတာကြောင့် ---

" မရှက်ပါနဲ့ အကိုက ပျော်သွားလို့စလိုက်မိတာ ၊ ကဲ!! ဖုန်းဆက်တာ ဘာပြောဖို့လဲ ၊ ဖုန်းဆက်လာ
တယ်ဆိုမှတော့ အကို့အလုပ်ကို လက်ခံမယ်ဆိုတဲ့စကားပဲကြားချင် ၊ အကို့အလုပ်ကို ငြင်းပါရစေဆိုတာကိုတော့ မကြားချင်ဘူးနော် ၊ ကြိုပြောထားပါရဲ့ "

" အကို ကြားချင်တဲ့စကားပါပဲဗျာ ၊ ကျွန်တော်တို့ အလုပ်အတွက်ဆွေးနွေးရအောင်လေ ၊ အကို ဘယ် အချိန်အားလဲ ၊ အားတဲ့အချိန်ကိုပြောထားပါ ၊
ကျွန်တော်လာခဲ့မယ် "

" သက္ကရာဇ် က ဘာနဲ့လာဖို့လဲ "

" တက္ကစီ ပဲငှါးလာလိုက်မယ် အကို ၊ အားတဲ့အချိန်
လေးသာပြောထားနော် ၊ ဒီရက်ထဲမအားလဲရ
တယ် "

ကြားလိုက်တဲ့စကားကြောင့် စားပွဲပေါ်က ဖိုင်တွဲကို
ချက်ချင်းပိတ်လိုက်မိရင်း ----

" အကို အခုအားတယ်၊ နောက်ပြီး ဟိုလေ အကိုကအခုအပြင်မှာရှိနေတာမို့ သက္ကရာဇ်အဆင်ပြေရင်
တစ်ခါထဲဝင်ခေါ်ပါရစေ ၊ ဘယ်ကိုလာခေါ်ရမလဲ
ပြောနော် "

" အာ !! မဟုတ်တာ ကျွန်တော့်ဘာသာလာခဲ့ပါ့မယ် ၊ လာမခေါ်ပါနဲ့ "

" ကိုယ့်ကိုအားမနာပါနဲ့ ၊ အပြင်ထွက်တာနဲ့ကြုံနေတာပဲဟာ ၊ လာခေါ်ရမယ့်နေရာကိုပဲပြောနော် "

My Oleander Hubby ( Completed ) Where stories live. Discover now