Part - 36

31.3K 2.1K 44
                                    

Part - 36

                 My Oleander Hubby

မိနစ်ပိုင်းအတွင်းမှာပဲ ဘယ်သူကဘယ်လိုခေါ်လိုက်မှန်းမသိတဲ့ Ambulance ကားရောက်လာသည် ။ လဲကျနေတဲ့လူကြီးရဲ့ဘေးမှာ ကိုယ်ကဒူးထောက်ထိုင်ကြည့်နေတဲ့အချိန် ဂျွန်ကလဲ အသံပြာအောင်အော်ဟစ်ပြီးငိုနေပြီ ။ သွေတွေ အထွက်လွန်လို့်
နှုတ်ခမ်းလေးတွေက ဖြူဖျော့လာတာကိုမြင်နေရတဲ့အချိန် ဂျွန့် ကိုသာ တင်းတင်းဖက်ထားရင်း ဘုရားစာတွေကို ကပေါက်တိကပေါက်ချာနဲ့ ဆိုနေမိသည့်အထိ စိတ်ပူပန်မှုတွေကထိန်းမရတော့ ။

တစ်ချက်လေးတောင်လှုပ်ရှားမလာတဲ့ လူကြီးကိုကြည့်နေမိပြီး ငိုနေတဲ့သားကိုတောင် နှစ်သိမ့်နိုင်စွမ်းမရှိခဲ့တော့ပါ ။ မမျှော်လင့်ထားတဲ့အချိန်မှာ မထင်မှတ်ထားတဲ့ပုံစံနဲ့ ပြန်ဆုံတွေ့ရတာမို့ ဘာကိုမှ ကြောင်းကျိုးဆက်စပ်ပြီးမတွေးနိုင်သေး ။ အခုချိန်မှာ
ဒီလူကြီးရဲ့ မျက်လုံးနှစ်ဖက်ပြန်ဖွင့်လာဖို့နဲ့ ကိုယ့်ကိုစကားတစ်ခွန်းလောက်ပြောလာဖို့ကသာ အရေး
ကြီးသည် ။

" လူနာရှင်က ဘယ်သူတွေလဲ "

Ambulance ကားမှာပါလာတဲ့ တာဝန်ရှိတဲ့သူတစ်ယောက်က မေးလိုက်တဲ့စကားသံကြောင့် သတိပြန်ဝင်လာပြီး ---

" ကျွန်တော်ပါ ၊ ကျွန်တော်လိုက်ခဲ့မှာပါ "

" ဒါဆိုရင် ကားပေါ်တက်ပါ "

" ခဏလေး!! ခဏလေးပါနော် ၊ ကျွန်တော်ပိုက်ဆံလေးယူပါရစေ ၊ ခဏလေးပါ ၊ ကျွန်တော့်သားလေးကို ခဏလေးကြည့်ပေးထားပါဦး "

ပြောပြီးတာနဲ့တာဝန်ရှိသူရဲ့လက်ထဲကို ဂျွန့်ကိုပြောင်းထည့်ပေးလိုက်ရင်း ဆိုင်ရှိနေတဲ့ လမ်းတစ်ဖက်ခြမ်းကိုအမြန်ပြေးခဲ့ရသည် ။ ဆိုင်ထဲရောက်ရောက်ချင်းအထဲမှာရှိနေတဲ့သူတွေကို ဆိုင်ပိတ်ကြောင်းတောင်းပန်ရင်း သိမ်းထားတဲ့ပိုက်ဆံတွေကို ယူ ၊ ပြီးတာနဲ့ဆိုင်ကိုသော့ခတ်ပြီး လမ်းတစ်ဖက်က ကားဆီအပြေးပြန်လာရသည် ။

"တီ!! တီ!! တီ!! တီ!! "

ကားထဲကိုရောက်တော့ အောက်စီဂျင်အကူအညီနဲ့
အရေးပေါ်အသက်ရှင်ဖို့ပြုစုတာကိုခံနေရတဲ့ လူကြီးရဲ့ပုံစံကို တန်းမြင်လိုက်ရသည် ။ အသက်ရှူနှုန်းကျဆင်းလာတာကြောင့် အရေးပေါ်အသက်ကယ်နည်းနဲ့ကုနေရတဲ့ လူကြီးရဲ့အခြေအနေက စိုးရိမ်စရာအတိ ။

My Oleander Hubby ( Completed ) Tempat cerita menjadi hidup. Temukan sekarang