Part - 19

23.7K 1.7K 19
                                    

Part - 19

                My Oleander Hubby

" သက္ကရာဇ် ရေ! !! ဆရာက အားတဲ့အချိန်
သူ့ရုံးခန်းကို ခဏလောက်လာခဲ့ပါဦးတဲ့ "

ဓာတ်ပုံရိုက်ပြီးလို့ ထိုင်နေတဲ့အချိန်မှာ လာပြော
တဲ့ မနှင်းစကားကြောင့် ----

" ဟုတ်ကဲ့ !!ဟုတ်ကဲ့မနှင်းရေ ကျွန်တော့်
အ လှည့်ကပြီးနေပြီမို့ အခုအားသွားပြီ ၊ သွား
လိုက်မယ် "

ဒီနေ့က ရာဇ် ရဲ့ ဒုတိယအကြိမ်မြောက် Photo
ရှုတင်ရှိနေတာပါ ။ ပထမအကြိမ် Photo ရှုတင်
တုန်းကရိုက်ခဲ့တဲ့ အဝတ်အစားတံဆိတ်တွေဟာ
ဈေးကွက်ထဲမှာ ပစ္စည်းပြတ်သွားတဲ့အထိ
ရောင်းအားကောင်းခဲ့တာမို့ အခုဆို တစ်ချိုသော
လုပ်ငန်းရှင်တွေက တက်သစ်စModel တွေ
နဲ့အတူတူ ရာဇ်ကိုပါ မျက်စိကျလာကြသည် ။

တစ်ချို့က သူတို့လုပ်ငန်းတွေကို ကြော်ငြာပေးဖို့
အတွက် လာရောက်ငှါးရမ်းကြပေမယ့် Zinnia
ကသာကိုယ့်ရဲ့ မူရင်းလက်တွဲခဲ့သည့် ကုမ္မဏီဖြစ်
တာကြောင့် လုပ်ငန်းခွင်လုပ်ပိုင်ခွင့်များသည် Zinnia ပေါ်မှာသာ အများကြီးမှီတည်နေပါသည်။

ရာဇ် ကိုယ်တိုင်ကလဲ အလုပ်တွေအများကြီး
ကနေရမယ့် ငွေကြေးအကျိုးအမြတ်ထက်
စိတ်ချမ်းသာမှုကိုသာလိုချင်တာကြောင့်
ဘယ်အရာကိုမှ လောဘကြီးနေတာမျိုးမရှိပါ ။

" ဆရာကို ကျွန်တော်ရောက်နေပြီလို့ ပြောပေး
ပါဦး "

ကိုဇျာန်ရဲ့အတွင်းရေးမှူးမဖြူစင်က ဖုန်းနဲ့ရုံးခန်း
ထဲကို အကြောင်းကြားပေးပြီးတဲ့အချိန် ----

" ဝင်လာခဲ့တဲ့ သက္ကရာဇ် ရေ "

" ဟုတ်ကဲ့အမ "

ရုံးခန်းထဲဝင်သွားတာနဲ့ Sofa ခုံမှာ အဆင်သင့်
ထိုင်နေတဲ့ ကိုဇျာန့်ကိုတွေ့လိုက်ရတာကြောင့် ---

" မင်္ဂလာပါ အကို "

" မင်္ဂလာပါဗျာ လာ!!!  ထိုင်ဦး "

ကိုဇျာန်က သူ့အရှေ့ကခုံကိုညွှန်ပြလိုက်ရင်း
တဆက်ထဲမှာပဲ သူထိုင်နေတဲ့ခုံရဲ့ဘေးဘက်က
ခုံမှာရှိတဲ့ ခလုတ်လေးကိုဖိလိုက်ကာ ---

" ဖြူစင်ရေ ဆရာနဲ့ သက္ကရာဇ်အတွက် နေ့လည်
စာလေးကို တစ်ခုခုစီစဉ်ပေးပါဦး "

My Oleander Hubby ( Completed ) Where stories live. Discover now