Part - 45

32K 1.8K 37
                                    

Part - 45

                 My Oleander Hubby

ရန်ကုန်ရောက်ပြီးသိပ်မကြာခင်ပဲ သားကို
နာမည်ကြီးမူကြိုကျောင်းတစ်ခုကိုပို့ပေး
လိုက်သည်။ သားဒယ်ဒီက သူ့သားပညာရေးနဲ့
ပတ်သက်ပြီး အမြင့်ကြီးမှန်းထားတာကို
ကိုယ်လဲသိနေတာမို့ သူ့ရဲ့အစီစဉ်တွေကို
ကိုယ်မတားဖြစ် ။ အနည်းဆုံးတော့သူက
သားအတွက် ဖခင်တာဝန်ကျေပွန်သည့်
ဖခင်ကောင်းတစ်ယောက်ဖြစ်ခဲ့တာပဲ
မဟုတ်လား ။

" ရာဇ် ! ဘာတွေတွေးနေတာလဲ "

နောက်ကျောဆီကနေ အသံကြားလို့လှည့်
ကြည့်လိုက်တော့ သားကိုသိပ်ပြီးလို့ကိုယ်
ရှိနေတဲ့ ဝရန်တာဆီထွက်လာတဲ့ လူကြိီး ။

" ဘာရယ်မဟုတ်ပါဘူး ဒီလိုပဲတွေးမိတွေးရာပါ "

စကားအဆုံးမှာ ကိုယ့်ဘေးနားဝင်ထိုင်လာပေမယ့်
ဘာမှတော့ထပ်ပြီးမပြောပါ ။ အစက ဒီလူဟာ
ကိုယ့်ဆီကနေ သားကိုဆွဲခေါ်ချင်လိုများ ကလေးကိုအရမ်းအလိုလိုက်ပြနေတာလားလို့ ထင်မိပေ
မယ့် ထိုလူနဲ့ တစ်အိမ်ထဲမှာ တစ်အိမ်ထဲအတူတူ အချိန်တစ်လကျော်လောက် နေရတဲ့အခါမှာတော့ သူ့ရဲ့စိတ်သဘောထားအမှန်ကို
တဖြည်းဖြည်းသိခွင့်ရလာလေသည် ။

ဒီလူက သားကို အရမ်းအလိုလိုက်တယ်လို့
ထင်ရပေမယ့် ထိုအလိုလိုက်ပေးခြင်းရဲ့
နောက်ကွယ်ကနေ သားကို သူလိုချင်တဲ့
အကျင့်စရိုက်တွေ တဖြည်းဖြည်းနဲ့ပုံသွင်းပေး
တက်သေးသည် ။ အခုဆိုရင်သားက သူ့အရွယ်
လေးနဲ့မလိုက်အောင် သူ့အားသူကိုးတက်ပြီ ။
မနက်မိုးလင်းလို့မျက်နှာသစ် ၊ သွားတိုက်တာကအစ ၊ ကျောင်းသွားဖို့အဝတ်အစားရွေးချယ်တာ
တွေ ၊ နောက်ဆုံး ကျောင်းကို ထမင်းဘူးနဲ့ရေဘူး  ထည့်သွားတဲ့ဆွဲခြင်းကိုတောင် သူ့ဘာသာဆွဲပြီး ကားပေါ်တက်သွားတက်နေပြီ ။

သင်လွယ်တက်လွယ်တဲ့သားလေးနဲ့ သူ့သား
အတွက်သီးသန့်အချိန်ပေးပြီး စနစ်တကျပြုစု
ပျိုးထောင်ပေးနေတဲ့ ဒီအဖေကို နေ့စဉ်မြင်တွေ့
နေရပြန်တော့လဲ ရန်ကုန်အိမ်ကိုပြန်အခြေချတာ
မမှားခဲ့ဘူးလို့ပဲတွေးမိသည် ။ အဆိုးတွေချုပ်ငြိမ်းပြီး အကောင်းတွေသာလာရောက်စေချင်ပါတော့တယ် ။

My Oleander Hubby ( Completed ) Where stories live. Discover now