Part - 23

24K 1.8K 93
                                    

Part - 23

                My Oleander Hubby

" သက္ကရာဇ် ဘယ်မှာလဲ "

အိမ်ရှေ့ဖိနပ်ချွတ်ကိုရောက်တာနဲ့ သဲနုငယ်ကိုတွေ့
ရတာကြောင့် သိချင်တာကိုပဲ တန်းမေးလိုက်သည်။
မမြင်ချင်မတွေ့ချင်ပေမယ့် မောင်သက္ကရာဇ်တို့
ကောင်းမှုနဲ့ အိမ်တိုင်ရာရောက် လိုက်ကိုလာရတဲ့အ
ဖြစ် ။ ကိုယ်မှလိုက်မခေါ်ရင် ဒင်းမျက်နှာကို ဒီတစ်သက် ပြန်မြင်ရဖို့လမ်းစကိုမမြင် ။ အဲတော့လဲ
နောက်ဆုံးကိုယ်ပဲစိတ်လျှော့ပြီး လိုက်လာရတာပေါ့။

သဲနုငယ်ကတော့ ကိုယ့်ကိုမြင်တာနဲ့ အံ့သြသွားရင်း
ကနေ အိမ်ထဲကိုလဲတစ်ချက်လှည့်ကြည့်နေသေးသည် ။ ပြီးကာမှ ----

" သူ့အခန်းထဲမှာရှိတယ် "

ဖိနပ်ချွတ်မှာရပ်နေရင်းကနေပဲ ---

" သွားခေါ်ပေး !! သူ့လင်ဖြစ်တဲ့ငါကိုယ်တိုင်လာ
ခေါ်နေတာမို့ ထွက်လာခဲ့ဦးလို့ပြောလိုက် အဲဒီ
နားပေါက်မပါတဲ့ကောင်ကို "

" နင်တို့ ဘာဖြစ်ကျတာလဲ "

" သိချင်ရင် နင်မောင့်ကိုမေးကြည့်လေ ၊ ဒီကိုရောက်နေတာ ဘယ်နှစ်ရက်တောင်ရှိနေပြီလဲ "

သဲနုငယ်က သက်ပြင်းချလိုက်ရင်း ----

" ရာဇ်ကလဲ ဘာမှမေးလို့မရလို့ပေါ့ ၊ စရောက်တဲ့နေထဲက သူ့အခန်းထဲကနေတောင် ထွက်တာမဟုတ်
ဘူး ၊ သူဘာတွေလုပ်လာလို့လဲ "

" နင့်မောင် အရိုင်းကောင်အကြောင်း နင်မသိဘူးလား ၊ အနေအစားမတက်လို့ ပြဿနာတက်လာတာ ၊ ကျိန်းသေတာကတော့ ငါရန်ဖြစ်ပြီး နင့်အိမ် ကိုဆင်းလာတာပေါ့ ၊ သွားသာခေါ်ပေးစမ်းပါဟာ ၊ ငါ အားမနေဘူး ၊ သူ့ကိုခေါ်ပြီးရင်ပြန်မှာ "

" ခေါ်လို့ရမှာမဟုတ်ဘူး ၊ မနက်ကထဲက မနက် အစောစာရော နေ့လည်စာတောင်ခေါ်ကျွေးလို့မရတဲ့ဟာ ၊ ခေါ်ချင်ရင် နင့်သာသာသွားခေါ် "

လက်မှာပတ်ထားတဲ့နာရီကိုကြည့်လိုက်တော့ နေ့လည်နှစ်နာရီကျော်နေပြီ ။ အခုချိန်ထိ ဘာဆိုဘာမှမစားသေးတာပေါ့ ။ သက္ကရာဇ်တို့က ဒီလိုမျိုး
စည်းမရှိကမ်းမရှိနေရမယ်ဆို သိပ်ကြိုက်တာပေါ့ ။

My Oleander Hubby ( Completed ) Where stories live. Discover now