Part - 16

25.7K 1.8K 36
                                    

Part - 16

                My Oleander Hubby

မျက်ရည်ကျနေတာတောင်မှ တစက်လေးမှ
ပျော့ပျောင်းလာခြင်းမရှိတဲ့ မျက်နှာသေနဲ့ ကိုယ့်ကို
စိတ်ရှိတိုင်း လုပ်ချင်သလိုသာလုပ်ဆိုတဲ့ပုံစံမျိုးပြောလာတာကြောင့် သက်ပြင်းချလိုက်မိသည် ။ 
ရာဇ် ရဲ့ပါးပြင်ကို ခပ်စပ်စပ်ပုတ်လိုက်ရင်း ---

" ငါနဲ့နေရမှာကို အဲလောက်တောင် မကြိုက်တာလား ၊ ငါ့ကို အဲလိုပုံစံနဲ့လာမဆက်ဆံနဲ့ သက္ကရာဇ် ၊ မင်းလုပ်ပုံတွေက သိပ်ပြိီးဟုတ်မနေဘူး ၊ ငါ မင်းအပေါ်မှာ စိတ်ရင်းနဲ့ကောင်းပေးခဲ့တာတွေအများ
ကြီးရှိပေမယ့် မင်းကမြင်အောင်မကြည့်ခဲ့ဘူး ၊ ငါ့ရဲ့ကောင်းတဲ့ဘက်အခြမ်းကိုမြင်အောင်မရှာဘဲ
မကောင်းတဲ့အခြမ်းကိုပဲ တရားသေဆွဲကိုင်ထား
တော့တာခက်တယ် ၊ မင်းလုပ်နေတဲ့ပုံစံက ငါ့ဒေါ
သကို လာလာဆွနေတာမျိုး ဖြစ်နေတယ်ဆိုတာကို
သိရဲ့လား "

ရာဇ်က သူ့ပါးပြင်ကိုပုတ်နေတဲ့ကိုယ့်လက်ကို သူ့လက်နဲ့ပြန်ရိုက်ထုတ်လာရင်း --

" ဘာလဲ ဒေါသကိုလာဆွလို့ဆိုပြိီး နောက်တစ်ကြိမ်
မုဒိန်းကျင့်သလိုလုပ်ဦးမလို့လား ၊ စိတ်မပူပါနဲ့
ခင်ဗျားထပ်လုပ်ရင်လဲ ကျူပ်ကငြိမ်ခံပေးနေမှာ ၊
အကြွေးဆပ်နေတယ်လို့ပဲ သဘောထားပါတယ် ၊
ခင်ဗျားရဲ့ ကောင်းတဲ့ဘက်အခြမ်းကို မမြင်ရတာ
မကောင်းတဲ့ဘက်အခြမ်းက ပိုအားကြီးနေလို့
ဖြစ်ပါလိမ့်မယ် ၊ ခင်ဗျားက အရမ်းမြင်စေချင်နေရင်
တော့ ကြိုးစားပြီးရှာလိုက်ပါ့မယ် ၊ မုဒိန်းသမားလို
တော့ထပ်မလုပ်စေချင်ဘူး ၊ ခင်ဗျားရဲ့ လူကြီးလူ
ကောင်း သိက္ခာအတွက်ပြောတာပါ ၊ ကျုပ်ကတော့
အစထဲက လမ်းဘေးကကောင်ဆိုတော့ ပြဿနာ
မရှိပါဘူး "

သိဒ္ဓိက ဒေါသတွေကို ချုပ်တည်းလိုက်ရင်း ---

" အဲလိုပုံစံနဲ့အတူနေခြင်း မနေခြင်းက မင်းစောက် ချိုးပြေခြင်း မပြေခြင်းအပေါ် မူတည်သေးတာပေါ့ ၊
လမ်းဘေးကကောင်ကိုယူလိုက်မိတော့ ငါ့မှာလဲ
နေရင်းထိုင်ရင်း လမ်းဘေးစရိုက်အကူးခံနေရပြီလေ
၊ ငါကို ယဉ်ကျေးစေချင်ရင် မင်းအရင်လိမ္မာပြမှရမယ် ၊  အခုလိုတွေ အရမ်းအဖြစ်သဲပြနေရင်တော့ ငါ့ကိုငါလဲ အာမမခံနိုင်ဘူး ၊ ပေါက်တဲ့နှဖူးက ထပ်မထူးတော့ဘူးလေ ၊ မင်းပြောခဲ့ဖူးတာပဲ ၊ လူယုတ်မာနဲ့ လူရမ်းကားဆိုတာလေ ၊ အခုမှ ဘာလို့သိက္ခာတွေဘာတွေလုပ်နေမလဲ ၊ အောက်တန်းစားဆန်လဲ
အဆင်ပြေနေတာပဲဟာ "

My Oleander Hubby ( Completed ) Where stories live. Discover now