အခန်း(၂)

617 62 2
                                    

မိုးအမေအိမ်ပြန်ရောက်လာတော့မိုးကဝမ်းသာအားရပြောလိုက်သည်။

“အမေဒီမှာကြွက်တစ်ကောင်မိနေတယ်"

မိုးကကြွက်ထောင်ခြောက်ကိုမြှောက်ပြတော့မိုးအမေက-

“အေး…အဲဒီကြွက်ကိုခြံစည်းရိုးအပြင်ဘက်သွားလွှတ်လိုက်”

“ခြံစည်းရိုးအပြင်"

“အေးလေ…ခုံတစ်လုံးယူသွား။ခုံပေါ်တက်လိုက်ရင်ခြံစည်းရိုးအပြင်ဘက်ကိုကြွက်လှမ်းပစ်လို့
ရတယ်”

“ဟုတ်ကဲ့”

မိုးကခုံတစ်လုံးယူပြီးအိမ်အပြင်ဘက်ထွက်လာခဲ့သည်။သူ့အိမ်ကခြံဝင်းအစွန်မို့ခြံစည်းရိုးနဲ့ကပ်နေသည်။ခြံစည်းရိုးကခြောက်ပေမြင့်သည့်အုတ်တံတိုင်းကြီးဖြစ်သည်။မိုးကခုံပေါ်တက်ပြီးမတ်တပ်ရပ်လိုက်သည်။

“ဝုတ်…ဝုတ်…ဝုတ်”

ခွေးတစ်ကောင်ကဟောင်သံပေးရင်းမိုးဆီကို
ပြေးလာသည်။မိုးငုံ့ကြည့်လိုက်တော့ခွေးကဟိုအိမ်ရှေ့စံမင်းသားလေးရဲ့ခွေးပဲ။

“ရော့ကီ(rocky)…ရော့ကီ”

ဘုန်းမာန်ကသူ့ခွေးကိုလိုက်ရှာနေသည်။ရော့ကီကသူ့သခင်ကိုအသံပြန်ပေးသည်။

“ဝု…"

အသံသာပေးနေတာမိုးဘေးကမခွာ။မျက်လုံးတွေကမိုးလက်ထဲကကြွက်ထောင်ချောက်ဆီမှာ။မိုးကကြွက်ထောင်ချောက်ကိုဟိုဘက်ဒီဘက်
ပြောင်းကိုင်တော့-

“ဝုတ်…ဝုတ်…ဝုတ်”

ခွေးကအဆက်မပြတ်ဟောင်တာနဲ့မိုးလည်း
ကြောက်ပြီးငြိမ်သက်သွားမိသည်။မိုးကခုံပေါ်မှာ။အညိုရောင်အမွှေးပွပွတွေနဲ့ရော့ကီဆိုတဲ့
ခွေးကသူ့ကိုမော့ကြည့်ပြီးဂဏှာမငြိမ်။မျက်လုံး
တွေကအရောင်တလက်လက်နဲ့။ဖန်ပေသီးလို
စိမ်းတောက်နေသည်။

သြော်…ဒုက္ခ…ဒုက္ခ။ရှင်ဘုရင့်အိမ်မှာအစား
ကောင်းအသောက်ကောင်းတွေကျွေးပြီးမွေးထားပေမဲ့လည်းခွေးကခွေးပါပဲ။

ကြိုဆိုတဲ့အချိန်တုန်းကအိနြေ္ဒကြီးတစ်ခွဲသားနဲ့
ခေါင်းမော့ရင်ကော့ပြီးလမ်းလျှောက်ခဲ့တဲ့ခွေး။
ကြွက်လည်းမြင်ရောယောက်ယက်တွေခတ်လို့
ပါလား။မိုးကကြွက်ထောင်ချောက်ကိုဖွင့်ပြီးကြွက်ကိုထုတ်မလို့ဟာလှုပ်ကိုမလှုပ်ရဲဘူးဖြစ်နေသည်။မိုးကလှုပ်တာနဲ့ခွေးကဟောင်သည်။

My Cinderella boy (Completed)Where stories live. Discover now