အခန်း(၂၆)

295 38 0
                                    

ဆရာမဒေါ်နီနီဝင်းကမိုးကိုအိမ်ပြန်လိုက်ပို့ပေးသည်။လမ်းတစ်ဝက်တွင်မိုးက-

“ဆရာမကျွန်တော့်ကိုဒီနားမှာတင်ချပေးတော့"

“ဘာလို့လဲ"

“ကျွန်တော်ဝင်စရာနေရာလေးရှိလို့ပါ။ပြီးရင်လိုင်းကားနဲ့ပဲပြန်လိုက်တာ့မယ်"

ဆရာမဒေါ်နီနီဝင်းကကားရပ်ပေးလိုက်တော့မိုးကားပေါ်ကဆင်းလာခဲ့သည်။သူဝင်မှာကဆေးဆိုင်။အဖေ့အတွက်တစ်လစာဝယ်ရမဲ့ဆေးတွေကိုဝယ်ဖို့သူဆေးဆိုင်ဆီသွားမယ်အလုပ်မှာသူ့
ဘေးနားကိုကားတစ်စီးထိုးရပ်လာသည်။ကားထဲမှာရှိနေတာကစေတမာန်နဲ့ဘုန်းမာန်ဝင့်ထည်တို့သားအဖနှစ်ယောက်။စေတမာန်က-

“မိုးလေးမင်းဘယ်သွားမလို့လဲ"

မိုးစိတ်ပျက်သွားမိသည်။ကမ္ဘာကြီးကလည်းကျဉ်းလိုက်တာ။ဒီသားအဖတွေ၊ဘုန်းမာန်နဲ့ပတ်သတ်နေတဲ့လူတွေ။မိုးသူတို့ကိုမတွေ့ချင်ဘူး။ဘာလို့တွေ့တွေ့နေမှန်းလည်းမသိဘူး။ပြီးတော့သူ့အဖေဆေးကုနေတာကိုလည်းမသိစေချင်
ဘူး။တဆင့်စကားနဲ့လန်းလန်းသိသွားမှာကိုလည်းကြောက်သည်။ထို့ကြောင့်-

“ကျွန်တော်အိမ်ပြန်မလို့ဗျ"

ထည်ထည်ကသူ့ဘက်ကိုလှည့်ကြည့်ပြီး-

“ကိုကိုမိုးလေး…ကျွန်တော်တို့နဲ့လိုက်ခဲ့ပါလား။ဖေဖေ့ကိုလိုက်ပို့ခိုင်းမယ်လေ”

စေတမာန်ကမိုးလေးလို့ခေါ်တာနဲ့ထည်ထည်ကပါကိုကိုမိုးလေးတဲ့။ငါ့နှယ်ခွေးသူငယ်ချင်းဘဝကနေ ကလေးဘဝရောက်လိုက်၊ကိုကိုဘဝရောက်လိုက်…

“မလိုက်ချင်ပါဘူးကွာ။ကိုယ့်လမ်းကိုယ်သွားကြပါ”

စေတမာန်ကကားထဲကထွက်လာခဲ့သည်။

“ညီလေးမင်းညစာစားပြီးပြီလား"

“ဟင့်အင်း”

“ဒါဆိုအတော်ပဲ။အကိုတို့လည်းမစားရသေးဘူး။ကားပေါ်တက်။အတူတူသွားစားရအောင်"

မိုးစိတ်ညစ်ရပြန်ပြီ။ဒီညီအကိုတွေဘာဖြစ်နေမှန်းကိုမသိဘူး။သူ့ကိုတွေ့ရင်ကျွေးမယ်ဆိုတာ
ချည်းပဲ။သူ့ရုပ်ကငတ်နေတဲ့ရုပ်များပေါက်နေပြီ
လားမသိဘူး။

My Cinderella boy (Completed)Where stories live. Discover now