အခန်း(၃၃)

271 34 0
                                    

အခန်း(၃၃)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အခန်း(၃၃)

ထည်ထည်ကမိုးနဲ့နေရတာကိုသဘောကျနေ
သည်။ပြင်သစ်ကိုမပြန်တော့ဘဲဒီမှာပဲနေတော့
မည်ဟုပြောသည်။ကျောင်းလည်းဒီမှာပဲနေမည်
ဟုပြောသဖြင့် private ကျောင်းတစ်ကျောင်း
တွင်ကျောင်းအပ်ပေးထားရသည်။မနက်ခင်းဆို
ကျောင်းသွားပြီးညနေလေးနာရီမိုးကျောင်းကပြန်လာရင်မိုးဆီမှာပတ္တလားတီးသင်သည်။

မိုးကထည်ထည်ကိုပတ္တလားတီးသင်ပေးနေတုန်းဖုန်းသံမြည်လာသဖြင့်ကောက်ကိုင်လိုက်သည်။သူ့ညီမလန်းလန်းပဲ။မိုးဝရံတာဘက်ကိုထွက်လာခဲ့သည်။

“ပြော…လန်းလန်း"

“မနက်ဖြန်အားလားအကို"

“ဘယ်အားမှာတုန်း။ကျောင်းဖွင့်ရက်ကြီးကို"

“ဟုတ်တယ်အကိုကျောင်းဖွင့်ရက်ကြီး…ဒါပေမဲ့ထည်ထည့်အဖေကညီမလေးကိုအကူအညီတောင်းနေတယ်"

“ဘာအကူအညီလဲ"

“မနက်ဖြန်ထည်ထည်တို့ကျောင်းမှာကျောင်းသားမိဘတွေ့ဆုံပွဲရှိတယ်။အဲဒါထည်ထည်မှာအမေမရှိလို့ညီမလေးကိုလိုက်ခဲ့ပေးဖို့ခေါ်နေ
တယ်"

“အဲတော့နင်ကမလိုက်ချင်ဘူးလား"

“အင်း"

“နင်မလိုက်ချင်ရင်မလိုက်ချင်ဘူးလို့ပြောလိုက်
လေ"

“အဲလိုပြောမလို့ပဲကိုထည်ထည့်မျက်နှာမြင်တော့ပြောမထွက်ဘူး။ဒါပေမဲ့ညီမလေးက ကလေးအမေလည်းမလုပ်ချင်ဘူး"

“အဲတော့နင်ကဘာဖြစ်ချင်တာတုန်း။ငါ့ကိုသွား
စေချင်တာလား"

“ဟုတ်"

အားတက်သရောဖြေလိုက်တဲ့လန်းလန်းအသံ
ကြောင့်အနားမှာရှိရင်ခေါင်းကိုပိတ်ထုပစ်ချင်သည်။ဆွေမျိုးရင်းချာဒီတစ်ယောက်ပဲရှိတာကိုဒုက္ခ
ပေးဖို့ဆိုရင်အင်မတန်အားကိုးရသည်။

My Cinderella boy (Completed)Where stories live. Discover now