အခန်း(၆၂)

241 31 0
                                    

နှင်းဆီပွင့်ဖတ်တွေနဲ့အလှဆင်ထားတဲ့အိပ်ယာ
ကြီးပေါ်မှာမိုးသက်နောင်လောကကြီးနဲ့အဆက်
အသွယ်ပြတ်နေသည်။သူ့ဘေးမှာသူ့ကိုထိုင်ကြည့်ပြီးငိုနေတာကသူရိန်။

ခါတိုင်းမိုးသက်နောင်သတိလစ်သွားရင်ခြေမကိုင်မိလက်မကိုင်မိဖြစ်နေခဲ့တဲ့သူကအခုတော့မိုးသက်နောင်ရဲ့ဘေးမှာငူငူကြီးထိုင်ပြီးကြည့်နေသည်။သူအကို့ကိုတကယ်ချစ်ခဲ့ပါသည်။ပိုင်ဆိုင်ချင်ခဲ့သည်။ဒါပေမဲ့ဒီလိုနည်းလမ်းနဲ့တော့မဟုတ်ခဲ့ရပါဘူး။

မိုးသက်နောင်ရဲ့တစ်ကိုယ်လုံးမြင်မကောင်းအောင်ဒဏ်ရာတွေနဲ့ပြည့်နေသည်။နှုတ်ခမ်းတွေလည်းဖူးယောင်ပေါက်ပြဲနေသည်။လည်ပင်းကစပြီးတစ်ကိုယ်လုံးမှာသွားရာအကွင်းလိုက်တွေနီရဲနေသည်။မိုးသက်နောင်သတိလစ်သွားတဲ့အချိန်မှာအနိုင်ကျင့်မိပြီးမှအခုတော့သူကငိုနေသည်။

သူရိန်သူ့လက်ထဲက ကတ္တီပါဘူးလေးကိုဖွင့်လိုက်သည်။အကိုနဲ့ couple ဝတ်ဖို့သူဝယ်ခဲ့တဲ့စိန်လက်စွပ်လေးနှစ်ကွင်း။အကိုကအသက်ကြီးတဲ့သူမို့ဆန်းဆန်းပြားပြားတွေမကြိုက်လောက်
ဘူးထင်လို့ပလက်တီနမ်ပြောင်ကွင်းလေးကိုသူ
ရွေးပြီးဝယ်ခဲ့သည်။

စိန်လေးတစ်လုံးသာပါတဲ့လက်စွပ်လေးကိုအ
ကို့ရဲ့ဘယ်ဘက်လက်သူကြွယ်မှာသူဝတ်ပေး
လိုက်သည်။ကွက်တိပဲ။အကိုမသိအောင်အကို့
ရဲ့လက်ချောင်းလေးကိုသူခိုးပြီးတိုင်းထားခဲ့တာမို့အပိုအလိုမရှိ။သူကိုယ်တိုင်ရဲ့လက်မှာလည်းဆင်တူလက်စွပ်လေးကိုစွပ်လိုက်သည်။

အကို့ရဲ့ရင်ဘတ်လေးကနိမ့်ချည်မြင့်ချည်နဲ့အသက်ရှူနေသေးသည်။သူခုတင်ပေါ်ကထလာခဲ့သည်။ဘီရိုထဲကညအိပ်ဝတ်စုံ couple လေးကိုထုတ်လိုက်သည်။အကိုနဲ့ဆင်တူဝတ်ဖို့သူဝယ်ခဲ့တဲ့
ဝတ်စုံလေးကိုအကို့ရဲ့ကိုယ်ပေါ်မှာဝတ်ပေးသည်။သူကိုယ်တိုင်လည်းဝတ်သည်။ပြီးတော့အ
ကို့ဘေးမှာဝင်လှဲလိုက်သည်။

သတိလစ်နေတဲ့ရောဂါသည်မိုးသက်နောင်နဲ့အ
သိစိတ်ပျောက်နေတဲ့အချစ်ရူးသမားကြီးသက်မင်းသူရိန်။

သူတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲ။ဧည့်ပရိသတ်တွေမရှိခဲ့ဘူး။ကောင်းချီးပေးမဲ့သူတွေမရှိခဲ့ဘူး။အကိုသတိလစ်နေမှန်းသိပေမဲ့သူအကို့ကိုဆေးရုံပို့ပေးဖို့စိတ်ကူးမရှိဘူး။အခုချိန်မှာအကိုသေရင်သူပါတစ်ခါတည်းလိုက်သေတော့မှာ။

My Cinderella boy (Completed)Where stories live. Discover now