အခန်း(၅၄)

236 28 0
                                    

သူရိန်ကသူ့မျက်နှာကြီးကိုအကိုသက်ရင်ဘတ်
မှာကပ်ထားတာမို့အကိုသက်ကသူ့မျက်နှာကိုမ
မြင်ရပေ။သူ့မျက်နှာတွင်ကောက်ကျစ်စဉ်းလဲသည့်အပြုံးကြီးကမဖုံးနိုင်မဖိနိုင်ပေါ်လွင်နေသည်။

အကိုသက်ကသူ့ကိုကြမ်းကြမ်းတမ်းတမ်းကိုင်
တွယ်ရင်မကြိုက်ဘူးဆိုတာသူအခုသိသွားပြီ။အကိုကသူ့ကိုယ်သူအိမ်ထောင်ဦးစီးယောက်ျားတစ်ယောက်လို့ခံယူထားတဲ့သူ။သူ့ကိုအားကိုးတကြီးနဲ့ချဉ်းကပ်တော့အကြင်နာတရားကြီးမားတဲ့အကိုကြီးတစ်ယောက်လိုမျိုးတယုတယနဲ့ပွေ့
ဖက်ထားပေးသည်။

အကိုရာ…အကိုက ထိကရုန်းပင်လေးလိုပဲ။ထိ
ကရုန်းပင်လေးတွေကသူတို့ကိုကြမ်းကြမ်းတမ်းတမ်းသွားပြီးဆုပ်ကိုင်လိုက်ရင်ပင်စည်ကဆူးတွေနဲ့ပြန်ထိုးစိုက်တယ်။သူ့ကိုညင်ညင်သာသာလေးတို့ထိလိုက်ရင်တော့အလိုလိုနေရင်းညှိုးကုပ်သွားတယ်။

ကျွန်တော်အကို့ရဲ့စိတ်ကိုသိပြီမို့အမြဲတမ်းအကို့
ရဲ့ရှေ့မှာအားနဲတဲ့ပုံစံနဲ့ပဲနေတော့မယ်။သန်သန်မာမာကျားကျားလျားလျားယောက်ျားတစ်ယောက်ဖြစ်ပေမဲ့လည်းကျွန်တော်အခုအချစ်နဲ့တွေ့ပြီ
လေအကိုရဲ့။အကို့ရဲ့အချစ်ကိုရဖို့အတွက်ငုံ့ပဲသွားရသွားရ၊ကျော်ပဲသွားရသွားရ။ကိုယ်ရည်ရွယ်ထားတဲ့ပန်းတိုင်ကိုရောက်ဖို့အတွက်ကျွန်တော်ဘာဖြစ်ဖြစ်လုပ်တော့မယ်။

သူရိန်သူ့ဦးနှောက်ကိုမြန်မြန်အလုပ်ပေးလိုက်
သည်။ဒီအခြေအနေကနေအဆင့်တက်ဖို့နည်း
ဗျူ ဟာကိုနောက်တစ်မျိုးပြောင်းရမည်။

သူရိန့်စိတ်ထဲတွင်ကုလားအုတ်နဲ့အာရပ်ပုံပြင်ကိုတွေးမိသည်။ကုလားအုတ်ကအာရပ်ပိုင်တဲ့ရွက်ဖျင်တဲထဲကိုခြေလေးဝင်ပါရစေ၊ခေါင်းလေးဝင်ပါရစေနဲ့တစ်ကိုယ်လုံးဝင်သွားပြီးတဲပိုင်ရှင်
အာရပ်ကိုတဲထဲကနေကန်ထုတ်ပစ်လိုက်သည်။သူကတော့ကုလားအုတ်ထုံးကိုပြောင်းပြန်နှလုံးမူရပေမည်။

သူရိန်ကသူ့ကိုဖက်ထားတဲ့အကိုသက်ရဲ့လက်
ကြားထဲကနေသူ့ရဲ့လက်တစ်ဖက်ကိုလျို ပြီးထုတ်လိုက်သည်။အကို့ရဲ့လက်မောင်းလေးကိုသူ့
လက်အောက်သွင်းပြီးအကို့ရဲ့ကျောပြင်ကိုညင်ညင်သာသာလေးဖက်လိုက်သည်။ကျန်တဲ့လက်တစ်ဖက်ကိုလည်းအသာလေးလျိုထုတ်ပြီးအကို့ကိုသိုင်းဖက်လိုက်သည်။

My Cinderella boy (Completed)Where stories live. Discover now