အခန်း(၆၁)

236 33 0
                                    

မိုးသက်နောင်က Rainbow club ၏သန့်စင်ခန်းထဲကဘေစင်တွင်လူတစ်ယောက်ကိုမျက်နှာသစ်ပေးနေသည်။ထိုလူ၏မျက်နှာတစ်ပြင်လုံးဒဏ်ရာဒဏ်ချက်တွေနှင့်နှာခေါင်းကလည်းသွေးထွက်နေသေးသည်။

ဖြစ်ပုံကမိုးသက်နောင်တို့တပ်ဖွဲ့လုံခြုံရေးယူပြီး
ပြန်လာသည့်အချိန်တွင်သူ့ဆီကိုဖုန်းဝင်လာသည်။ Rainbow ကလပ်ကဝိတ်တာကောင်လေးကဖုန်းဆက်ခြင်းဖြစ်သည်။မိုးသက်နောင်ရဲ့ဂျူ နီယာရဲဘော်လေးကနားရက်ရသဖြင့်ကလပ်ကိုလာပြီးအရက်သောက်ရင်းရည်းစားလုဖက်နှင့်
ရန်ဖြစ်ကြသည်။ဂျူ နီယာကောင်လေးကသတိလစ်သွားပြီးတစ်ဖက်ကောင်လေးကထွက်ပြေးသွားသည်။

ဝိတ်တာကောင်လေးကသူ့ဖုန်းထဲကပထမဆုံး
တွေ့သည့်ဖုန်းနံပါတ်ကိုဆက်တာမိုးသက်နောင်ဆီဝင်လာသဖြင့်မိုးသက်နောင်ကလုံခြုံရေးတာဝန်ကအပြန်ကလပ်ကိုလာခေါ်ခြင်းဖြစ်သည်။မိုးသက်နောင်သူ့ဂျူ နီယာရဲဘော်လေးကိုစားပွဲဆီပြန်ခေါ်လာခဲ့သည်။သူရိန်ဖုန်းဆက်တာကိုကိုင်ခဲ့သည့်ရဲဘော်လေးက-

“အကိုစခန်းကဖုန်းဆက်ပြီးခေါ်နေလို့ကျွန်တော်ပြန်နှင့်လိုက်မယ်။အကိုတစ်ယောက်တည်းရလား"

“အေးရတယ်။ဒီကောင်နဲနဲအမူးပြေရင်သူ့ကို
တက္ကစီပေါ်တင်ပေးလိုက်မယ်"

“ဒါဆို…ကျွန်တော်ပြန်ပြီ"

မိုးသက်နောင်ကမူးနေတဲ့ကလေးကိုသံပုရာရည်တိုက်သည်။ထိုကောင်လေးကသူ့ပုခုံးပေါ်ကိုမှီချလိုက်တော့သူလည်းသံပုရာရည်ခွက်ကိုစားပွဲပေါ်တင်ပြီး-

“မင်းအိမ်ပြန်ချင်ပြီလား…အဲဒါဆိုထ။ပြန်ရ
အောင်"

“အကိုသက်"

“ဟင်"

“ကျွန်တော်ကသူ့ကောင်မလေးကိုလုတာ
မဟုတ်ဘူး"

“အေးပါကွာ"

“သူကသာတစ်ဖက်သတ်ကြိုက်ပြီးကျွန်တော့်ကိုရန်ရှာတာ"

“အေးပါကွာ။မင်းကောင်မလေးကမင်းကိုကြိုက်နေရင်ပြီးတာပါပဲ။လာ…ဒါလေးဝင်အောင်သောက်။ပြီးရင်ပြန်မယ်”

မိုးသက်နောင်ကသူ့ကိုမှီထားတဲ့ဂျူ နီယာရဲဘော်လေးကိုတယုတယနဲ့ဖျော်ရည်ခွက်လေးကိုတိုက်နေတုန်းသူ့ရှေ့ကိုလူတစ်ယောက်လာရပ်
တာကြောင့်မော့ကြည့်လိုက်မိသည်။

My Cinderella boy (Completed)Where stories live. Discover now