အခန်း(၃၀)

313 39 1
                                    

သက်မင်းသူရိန်ကမိုးဆွဲခေါ်တဲ့နောက်ကိုအသာတကြည်ပဲလိုက်လာခဲ့သည်။အိမ်အပြင်ဘက်သူကားရပ်ထားတဲ့နေရာနားကိုရောက်တော့မိုးက-

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

သက်မင်းသူရိန်ကမိုးဆွဲခေါ်တဲ့နောက်ကိုအသာတကြည်ပဲလိုက်လာခဲ့သည်။အိမ်အပြင်ဘက်သူကားရပ်ထားတဲ့နေရာနားကိုရောက်တော့မိုးက-

“ခင်ဗျားဒါဘာသဘောလဲ"

“မင်းဘာလို့ငွေအသည်းအသန်ရှာနေတာလဲ"

“ကျွန်တော်ငွေရှာတာအပြစ်ရှိလို့လား။ကျွန်တော်သူများပစ္စည်းခိုးနေတာမဟုတ်ဘူး"

“ဒါတော့ဒါပေါ့။ဒါပေမဲ့ငါသိချင်တယ်။မင်းဘာလို့ငွေရှာနေတာလဲ။အရေးပေါ်ငွေလိုအပ်နေလို့လား”

“လိုလိုမလိုလိုခင်ဗျားနဲ့ဘာဆိုင်လဲ”

“ငါကမင်းရဲ့လိုအပ်ချက်မှန်သမျှကိုဖြည့်ဆည်း
ပေးချင်လို့ပါ"

“ဘာဗျ"

သမီးကိုလိုချင်ရင်ယောက္ခမကိုကပ်ရတယ်။အ
ဖေကိုလိုချင်ရင်သားကိုကပ်ရတယ်။နင်ဉာဏ်
ကောင်းလွန်းခဲ့တယ်။

မိုး သက်မင်းသူရိန်ကိုအထူးအဆန်းလိုမျိုးကြည့်နေမိသည်။

“ဘာလို့လဲ။ဘာလို့ကျွန်တော့်ကိုဖြည့်ဆည်းပေးချင်တာလဲ”

“မင်းတို့သားအဖပင်ပန်းနေတာကိုငါမကြည့်ရက်လို့။ကျောင်းသားကိုကျောင်းပဲတက်စေချင်တယ်။နေမကောင်းတဲ့လူကိုလည်းကောင်းကောင်းမွန်မွန်အနားယူစေချင်တယ်။ရှင်းရှင်းပြောရရင်မင်းအဖေကိုဒီအလုပ်ကနေထွက်လိုက်စေချင်တယ်"

“ခင်ဗျားဘာတွေလျှောက်ပြောနေတာလဲ။အဖေအလုပ်ထွက်လိုက်ရင်ကျွန်တော်တို့သားအဖကိုဘယ်သူကကျွေးထားမှာလဲ”

“ငါကျွေးထားမယ်လေ”

“ဘာဗျ"

“မင်းတို့သားအဖနှစ်ယောက်လုံးကိုငါတာဝန်ယူချင်တယ်။ငါကသခင်လေးမာန်ရဲ့အတွင်းရေးမှူးဆိုပေမဲ့ငါကိုယ်တိုင်ကသူဌေးတစ်ယောက်ပါ။နေလသုခစီးပွားရေးလုပ်ငန်းစုမှာသခင်လေးမာန်
ကလွဲရင်ငါကရှယ်ယာအများဆုံးပိုင်ဆိုင်တဲ့သူပါ"

My Cinderella boy (Completed)Where stories live. Discover now