အခန်း(၂၃)

324 40 0
                                    

မိုးအရမ်းသိချင်မိသည်။မိသားစုတစ်ခုကိုတစ်ကွဲတပြားစီဖြစ်သွားစေခဲ့တာဘယ်လိုအကြောင်းတွေများလဲ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

မိုးအရမ်းသိချင်မိသည်။မိသားစုတစ်ခုကိုတစ်ကွဲတပြားစီဖြစ်သွားစေခဲ့တာဘယ်လိုအကြောင်းတွေများလဲ။

“အမေကဘာလို့တစ်ဖက်သတ်ကွာရှင်းရတာလဲ"

“သားငယ်ငယ်ကနေခဲ့တဲ့မြို့လေးကိုမှတ်မိလား။ပင်လယ်ကမ်းခြေနားမှာလေ"

“ဟုတ်ကဲ့သားမှတ်မိပါတယ်"

“အဲဒါအဖေတာဝန်စကျတဲ့မြို့ပဲ။အဲဒီကိုတာဝန်
ကျပြီးမင်းအမေနဲ့ဆုံခဲ့တာ။အဲဒီမြို့မှာလူသတ်မှုတစ်ခုဖြစ်ခဲ့တယ်။သတ်တဲ့တရားခံမပေါ်ဘူး။တစ်နှစ်လောက်ကြာတော့မှလူသတ်မှုရဲ့သဲလွန်စကိုအဖေကရှာတွေ့ခဲ့တယ်။အမှုကိုအဖေကဖော်သလိုဖြစ်သွားတာပေါ့။တကယ်တော့အဖေကရဲဝန်ထမ်းတစ်ယောက်ပဲ။ကိုယ့်အလုပ်ကိုယ်လုပ်ခဲ့တာပါ။

ဒါပေမဲ့အဲဒီလူသတ်တရားခံကသားရဲ့ဦးလေး။သားအမေရဲ့အကိုအရင်းခေါက်ခေါက်ဖြစ်နေတယ်။နောက်ပြီးအသတ်ခံရတဲ့လူရဲ့ညီမကအဖေ့ရဲ့ငယ်ရည်းစားဖြစ်နေတယ်”

“အဲတော့အမေကအဖေ့ကိုအထင်လွဲသွား
တယ်ပေါ့”

“အမှန်အတိုင်းပြောရရင်အဖေကမင်းအမေနဲ့တွေ့ပြီးကတည်းကအဲဒီငယ်ရည်းစားနဲ့ပတ်
သတ်ပြီးခေါင်းထဲမှာဘာမှမရှိတော့ဘူး။ဒါပေမဲ့
မင်းအမေကမယုံဘူးလေ။သေသွားတဲ့လူနဲ့ပတ်
သတ်ပြီးသူ့မိသားစုဝင်ဆိုပြီးတွေ့ဆုံအားပေးတာကိုမင်းအမေကအထင်လွဲသွားတယ်"

“အဖေကဖြေရှင်းမပြဘူးလား"

“ဖြေရှင်းပြတယ်။သားအမေကမယုံဘူးလေ။သူကအဖေ့ကိုပြောတယ်။အမှန်တရားဆိုတာဖုံးကွယ်ထားလို့မရဘူးတဲ့။တစ်နေ့ကျရင်အမှုမှန်ကတော့ပေါ်မှာပဲတဲ့။ဒါပေမဲ့ကိုယ့်ရဲ့အကိုအရင်းကိုကိုယ့်ယောက်ျားကလက်ထိပ်ခတ်ပြီးထောင်ထဲသွင်းပေးလိုက်တဲ့မြင်ကွင်းကိုတော့မခံစားနိုင်ဘူးတဲ့။

My Cinderella boy (Completed)Where stories live. Discover now