အခန်း(၁၅)

373 46 2
                                    

မိုးကဆိုဖာခုံရှည်ပေါ်လှဲအိပ်လိုက်ပြီး-

“ကျွန်တော်အိပ်တော့မယ်။အဲကွန်းလျှော့ပေးဦး
…အေးတယ်"

ဘုန်းမာန်ကလောလောလတ်လတ်မှာပဲအလုပ်ရှင်နေရာကနေအလုပ်သမားပြန်ဖြစ်သွားသည်။သူကျေကျေနပ်နပ်နဲ့ပဲမိုးခိုင်းတာကိုလုပ်ပေးသည်။ပြီးတော့မိုးကိုထိုင်ကြည့်နေသည်။မိုးက
မျက်လုံးဖွင့်ကြည့်ပြီး-

“ခင်ဗျားကျွန်တော့်ကိုကြည့်နေတာလား"

“အင်းလေမင်းစားတာကိုကြည့်ပြီးအရသာခံသလိုမျိုးမင်းအိပ်တာကိုကြည့်ပြီးအနားယူမလို့"

“ပြီးရော"

မိုးမျက်လုံးတွေပြန်မှိတ်သွားသည်။ပြီးတော့ဗိုက်
လေးနေတာမို့လုံးဝကိုအိပ်မောကျသွားသည်။ဘုန်းမာန်မိုးကိုကြည့်ပြီးသက်ပြင်းချမိသည်။သူမိုးကိုမြင်မြင်ချင်းရင်းနှီးနေတာဘာကြောင့်လဲ။ဒီကောင်လေးအခုမှကျောင်းသားပဲရှိသေးသည်။ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်အလုပ်ကြမ်းတွေလုပ်နေသည်။

ပိုက်ဆံပိုရလို့လုပ်တာဆိုတော့ငွေကအဲလောက်တောင်လိုအပ်နေလို့လား။လုပ်အားခကိုပိုပေးတော့လည်းမယူချင်ဘူး။မာနကလည်းကြီးသေး။စွာကလည်းစွာသေး။အုတ်ခဲတွေသယ်နေတာမတော်တဆလွတ်ကျကုန်ရင်ဘယ်လိုလုပ်
မလဲ။လူကဖြင့်ဖြူ ဖြူ ဖျော့ဖျော့လေး။

ဘုန်းမာန်မိုးကိုသတိထားမိတာ Rocky ကြောင့်ပင်။ Rocky ကမိုးကိုတွေ့ရင်တွေ့တဲ့နေရာမှာ
ပြေးပြေးနမ်းသည်။အမြီးလေးတနှံ့နှံ့နဲ့ခင်မင်
ကြောင်းပြသည်။ဘယ်ဘဝကရေစက်တွေပါ
လိမ့်။သူ့သားလေး Rocky ကသံယောဇဉ်ရှိနေမှတော့သူ့သားလေးကိုယ်စားသူကဂရုစိုက်ပေးရမှာပေါ့ဒီကောင်လေးကို။(Rocky ကိုလွှဲချနေပြန်ပြီ)

သူဒီကောင်လေးပင်ပင်ပန်းပန်းအလုပ်လုပ်နေတာကိုမမြင်ချင်ဘူး။ကောင်းကောင်းစားပြီးကောင်းကောင်းအိပ်နေတာပဲမြင်ချင်သည်။သူ့ရဲ့မျက်
စိအောက်မှာအခုလိုမျိုးလေးပေါ့။

မိုးကတစ်နာရီဆိုပြီးအိပ်လိုက်တာတစ်နာရီလည်းမနိုး။နှစ်နာရီလည်းမနိုး။ညနေလေးနာရီရုံးဆင်းချိန်ကိုရောက်သွားသည်။

My Cinderella boy (Completed)Where stories live. Discover now