အပိုင်း (၁) ပန်းအိုးကြောင့် သေဆုံးသွားရခြင်း

3.2K 345 0
                                    

unicode

လောင်ယန်သည် သူ၏ နက်ကတိုင်ကို ပြင်လိုက်ပြီး မှန်ထဲတွင် သူ၏ ရောင်ပြန်ဟပ်မှုကို ကြည့်လိုက် မိသည်။ သူ့ကိုပြန်စိုက်ကြည့်နေတာကတော့ အသက်နှစ်ဆယ်ကျော်လောက် အရပ်ရှည်ပြီး ချောမော တဲ့အသွင်အပြင်လေးဖြစ်သည်။ သူ့ နှုတ်ခမ်းထောင့်စွန်းမှာကွေးသွားပြီး ရိုးရှင်းတဲ့ အပြုံးတစ်ခုက သူ့ရဲ့ ပုံစံကို လုံးဝပြောင်းလဲသွားစေခဲ့သည်။ ဘေးအိမ်က ခပ်ချောချော ကောင်လေးတစ်ယောက်ပုံကနေ တင့်တယ်သောလူကြီးမင်းတစ်ယောက်လိုပင်။

(မင်းက တကယ်ချောတာပဲလေ ဟုတ်တယ်မလား။)

သူ့လွယ်အိတ်ကိုယူကာ ကုတင်လေးလုံးပါတဲ့ အခန်းပတ်ပတ်လည်ကို ကြည့်လိုက်မိသည်။ ဤသည်မှာ လွန်ခဲ့သော လေးနှစ်ကတည်းက သူ့အိမ်ဖြစ်သည်။ ဒါပေမယ့် သူ့မှာ တွယ်တာမှု လုံးဝမရှိခဲ့ပါ။ သူ့အတွက်ကတော့ အိပ်စရာနေရာတစ်ခုပဲလေ။

သူ့အခန်းဖော် သုံးယောက်စလုံး ဘွဲ့ရပြီးကတည်းက ထွက်သွားကြပြီဖြစ်သည်။ အခု ဒီနေရာမှာ နေ နေတာသူတယောက်ထဲပဲကျန်တော့သည်။ ကျောင်းပြီးရင် ကျောင်းသားအဆောင်ကနေ ထွက်သွားရမယ်လို့ တက္ကသိုလ်မှာ စည်းကမ်းချက်တစ်ခုရှိလေသည်။ အများဆုံးသုံးရက်သာ နေနိုင်သည်။ ဒါပေမယ့် လောင်ယန်က အနည်းဆုံး ဆယ်ရက်လောက်နေနိုင်မလားလို့ တောင်းဆို ခဲ့ခြင်းဖြစ်သည်။ သူ၏ ထူးချွန်သော အဆင့်များဖြင့် ပြီးခဲ့သော လေးနှစ်တာ ကာလအတွင်း သူ၏ ချောမောသော အသွင်အပြင်နှင့် အတူ သူပြသခဲ့သော နွေးထွေးနူးညံ့သော စိတ်နေစိတ်ထားကို ပေါင်းထည့်ကာ သူ၏ တောင်းဆိုမှုကို အလွယ်တကူ ရရှိခဲ့သည်။ ထို့အပြင် သူနှင့်တူသော အခြားကျောင်းသား များလည်း အိပ်ဆောင်တွင် နေကြဆဲပင်။

ဒါပေမယ့် ဒီနေ့ပြီးရင် နောက်ဆုံးတော့ သူ အိမ်ပြောင်းနိုင်‌တော့မည်ပင်။ သူအလုပ်လုပ်မယ့် ကုမ္ပဏီက လိုအပ်နေတဲ့ ဝန်ထမ်းတွေကို အိမ်ရာတွေ ပေးတာကြောင့် ယနေ့ ကုမ္ပဏီက ပေးထားသည့် တိုက်ခန်းသော့ကိုသာ သူရနိုင်ခဲ့သည်။ ဒါကြောင့် သူ့အလုပ်စဝင်တဲ့ ပထမဆုံးနေ့မှာ သူ ဒီကနေ ထွက်သွားနိုင်တော့မည်။ သူ့မှာ ထုပ်ပိုးစရာတွေ အများကြီးမရှိပေ၊ ပုံးလေး သုံးပုံးပဲရှိလေ၏။ ဒါ သူ့ပိုင်တဲ့ပစ္စည်းတွေ အကုန်ပေါ့။ သူ့ပစ္စည်းတွေကို နေမဲ့တိုက်ခန်းလိပ်စာကို ပို့ပေးမယ့် ပို့ဆောင်ရေး ဝန်ဆောင်မှုကို သူ ဆက်သွယ်ထားပြီးသားဖြစ်ပါသည်။

နတ်ဘုရားအဆင့် လုပ်ကြံသတ်ဖြတ်သူWhere stories live. Discover now