အပိုင်း(၃၈) တိတ်ဆိတ်သည့်ရွံတော

637 101 1
                                    

unicode

လောင်ယန်သည် ဘီလူးတစ်ကောင်ဆီသို့ ပြေးသွားပြီးနောက် ဘယ်ဘက်ဓားမြှောင်ကို အသုံးပြု၍ ခုတ်ထစ်ပြီးနောက် အခြားဓားမြှောင်ကို အသုံးပြုကာ မျဉ်းစောင်းပုံစံဖြင့် ချက်ခြင်း ခုတ်ခဲ့သည်။ ထို့နောက် ဓားမြှောင်နှစ်ချောင်းကို အသုံးပြု၍ အလျားလိုက် မျဉ်းစောင်းဖြင့် ခုတ်လိုက်၏။ ဘီလူးသည် ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

သို့သော် ဓားမြှောင်နှစ်ချောင်းကို ကိုင်ထားသည့် သူ့လက်ကို ငုံ့ကြည့်ကာ အနည်းငယ် မကျေမနပ် ဖြစ်နေမိသည်။ သူအခုလုပ်ခဲ့တဲ့လုပ်ဆောင်ချက်က လုပ်ကြံသူ အမျိုးစားရဲ့တက်ကြွတဲ့စွမ်းရည် တစ်ခုဖြစ်တဲ့ သုံးကြိမ်ထိုးစစ် နဲ့ ဆင်တူပါသည်။ ၎င်းသည်ကွန်ပြူတာ ဗားရှင်းကို ကစားနေချိန်၌ သူရှင်းလင်းစွာ မှတ်မိနိုင်သည့် တက်ကြွသောစွမ်းရည်များထဲမှ တစ်ခုဖြစ်သည်။ "သင်အပြေးအလွှား သုံးကြိမ် ခုတ်ခြင်းဖြင့် ရန်သူများကို ထိခိုက်ပျက်စီးစေနိုင်သည်။ မင်းရဲ့အမြန်နှုန်းက ပိုမြန်လေ၊ မင်းရဲ့ပြိုင်ဘက်ကို ထိခိုက်စေနိုင်လေလေပါပဲ။"

ဒါပေမယ့် အခု သူလိုချင်တဲ့ အကျိုးသက်ရောက်မှုကို မပေးခဲ့ ပေ။ သူ့အရှိန်က အရမ်းနှေးနေသေးတာ ဖြစ်နိုင်သည်။ ဆိုလိုချင်တာက သူမှတ်မိတဲ့ တက်ကြွတဲ့စွမ်းရည်တွေကို မစွမ်းဆောင်နိုင်ခင်မှာ သူတကယ် လုပ်ကြံသူတစ်ယောက်ဖြစ်ဖို့လိုသည်။ သူသည် ထိုအရည်အချင်းများကို အတုယူနိုင် သော်လည်း ၎င်းသည် သူ့အား သူလိုချင်သော အကျိုးသက်ရောက်မှုကို ပေးမည်မဟုတ်ပေ။ ဒီရလဒ်က တကယ်ကို အံ့သြစရာတော့ မဟုတ်ပါ။ သူက စမ်းကြည့်ချင်ရုံပင်ဖြစ်၏။ အခု ရလဒ်ကို သူသိတော့ အဲဒါကို မစဉ်းစားတော့ပေ။

သူသည် ရှေ့သို့ ဆက်လက်ရွေ့လျားပြီး သူပုံမှန်တွေ့ဆုံခဲ့သော ဘီလူးများကို သတ်ပစ်လိုက်သည်။

လောင်ယန် သည် တိတ်ဆိတ်သည့်ရွံ‌ တော တည်ရှိရာအရပ်ဆီသို့ လမ်းလျှောက် လာခဲ့သည်။ ထိုနေရာသည် လခြမ်းပုံသစ်တော ၏အနောက်ဘက်တွင်တည်ရှိသည်။ သူ့လမ်းတွင် လာသမျှ ဘီလူးအားလုံးကို ရှောင်မပြေးခဲ့ပဲ သူတို့ကို ထိပ်တိုက်တွန်းလှန်ခဲ့သည်။ ဘီလူးများကို သတ်ခြင်းသည် အဆင့်များကို တင်ရန် အခြားနည်းလမ်းကောင်းတစ်ခုဖြစ်သည်။

နတ်ဘုရားအဆင့် လုပ်ကြံသတ်ဖြတ်သူWhere stories live. Discover now