unicode
လောင်ယန် သည် သူ့ညီငယ်နှင့် သူအခုမှအကိုကြီးကြားတွင် ထိုင်နေသည်။ သူတို့သည် ဘွဲ့နှင်းသဘင်ခန်းမ၌ နေကြပြီဖြစ်ပြီး ဘွဲ့ရများ၏ မိသားစုဝင်များအတွက် သတ်မှတ်ထားသော ထိုင်ခုံများတွင် ထိုင်ကာ အခမ်းအနားစမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။ အကြောင်းတစ်ခုခု ကြောင့် လောင်ယန်သည် သူ့ဘေးနှစ်ဖက်တွင် ထိုင်နေသော လူနှစ်ယောက်ကြားတွင် တင်းမာမှုအချို့ ရှိနေသည်ကို ခံစားနေရသည်။
သူ့ဘယ်ဘက်ခြမ်းက အစ်ကိုကြီးဆီ လှည့်ကြည့်လိုက်တယ်။ "အစ်ကိုကြီး၊ ဒီနေ့ ဘွဲ့ရတဲ့ မိသားစုဝင် ရှိသေးလား" ဒီအစ်ကိုကြီးကလည်း ဒီမှာကျောင်းသားမဟုတ်တဲ့အတွက်ကြောင့်မို့လို့ ဘွဲ့ရတော့မယ့် အသိအကျွမ်းတစ်ယောက်လည်းရှိလို့ ဒီမှာသူတို့နဲ့ထိုင်နေသည့်အကြောင်းရင်းဖြစ်မယ်ထင်ခဲ့သည်။
"မရှိဘူး"
"ဒါဆို မင်းဒီမှာ ဘာလာလုပ်နေတာလဲ၊ ကျူးကျော်ကောင်" လောင်ဂျင် ကယဉ်ကျေးမှု နည်းနည်းလေးမှမပါပဲ ပြောလိုက်သည်။
အကိုကြီးသည် လောင်ယန် ဘက်လှည့်ကာ လောင်ဂျင် ကို လုံးဝလျစ်လျူရှုလိုက်သည်။ "ချန်ဂျီယွမ်" ဟုအစားပြန် ပြောလိုက်သည်။ "ကျွန်တော့်နာမည်။"
"အိုး။" ဒါနဲ့ သူ့နာမည်က ချန်ဂျီယွမ်တဲ့။ တစ်ယောက်နဲ့တစ်ယောက် မမိတ်ဆက်ရသေးတာကို သူ မေ့လုနီးပါးပါဖြစ်ေနသည်။ "ငါက လောင်ယန်ပါ၊ ဒါက ငါ့ညီ လောင်ဂျင်"
"ယန်၊ မင်းနာမည်ကို သူစိမ်းတစ်ယောက်ကိုလျောက်မပြောနဲ့" လောင်ဂျင် က ရှင်းရှင်းလင်းလင်း စိတ်အနှောင့်ယှက်ဖြစ်စွာပြောလိုက်သည်။
"အားဂျင်၊ အစ်ကို ဂျီယွမ်က လူဆိုးမဟုတ်ဘူး၊ သူ့ကို အရမ်းမကြမ်းတမ်းပါနဲ့" နောက်ဆုံးတော့ ဒီ ချန်ဂျီယွမ် က လောင်ယန် ကို ကူညီခဲ့သည်။ အကယ်၍ သူသာမကူညီပါက အစောပိုင်းက ထိုနှာဘူးနဲ့ မြင်ကွင်းသည် လိုအပ်သည်ထက် ပိုမိုကြီးမားသော ပရိသတ်အားပေးမှုဖြင့် ပြီးဆုံးမည်မှာ သေချာပါသည်။
လောင်ဂျင် က "ဟွန့်" ဟုညည်းသွားသလိုအသံဖြင့်အဖြေတစ်ခုအဖြစ်သာ ပေးလိုက်သည်။
YOU ARE READING
နတ်ဘုရားအဆင့် လုပ်ကြံသတ်ဖြတ်သူ
Romanceအပြင်ဘက်တွင် အေးစက်နေပြီး အတွင်းဘက်တွင် သစ်ကြံပိုးခေါက်လိပ်လိုအကြံကြီးတဲ့ အထက်ပုဂ္ဂိုလ်ကြီးနှင့် အလွန်လှပပြီး ဝမ်းတွင်းမဲ အောက်ပုဂ္ဂိုလ်လေးယန်ယန်။