အပိုင်း (၁၇)ကစားရန်ခွင့်ပြုချက်

1.5K 270 0
                                    

"ပြီးပါပြီ ဆရာ" လောင်ယန်က သူ့ရှေ့တွင် ရပ်နေသော အမျိုးသမီးအား အဖြေစာရွက်ကို ပေးရင်း ပြောသည်။

အဲဒီအမျိုးသမီးက သူ့အဖေငှားထားတဲ့ ကျူရှင်ဆရာ သုံးယောက်ထဲက တစ်ယောက်ပါ။ သူတို့သည် တစ်‌ေယာက်လျှင် နှစ်နာရီကြာအောင် သင်ပေးသည်။ ထို့ကြောင့် သူသည် လွန်ခဲ့သော နှစ်ရက်အတွက် တစ်နေ့လျှင် ခြောက်နာရီ စာကျက်ခဲ့ရသည်။ ကျူရှင်ဆရာ သုံးဦးသည် ထူးချွန်သော ဆရာများဖြစ်သည်။ အကယ်၍ သူသည် အသက် 17 နှစ်တွင် ဆယ်နှစ်သားအရွယ် စိတ်ဓာတ်နှင့် သတိမေ့ရောဂါဖြစ်နေပါက၊ သင်ကြားရန် ကြိုးစားသမျှကို သင်ယူရန်မှာ သူ့အတွက် အမှန်တကယ် လွယ်ကူသွားမည်ဖြစ်သည်။ ဒါပေမယ့် သူမဟုတ်တဲ့အတွက်ကြောင့် အားလုံးက ငြီးငွေ့စရာကောင်းပြီး တကယ်ကို ပင်ပန်းမှုမျိုးဖြစ်လာသည်။

သူသည် ငယ်စဉ်ကတည်းက စာကျက်တတ်သူဖြစ်သည်။ မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာရတဲ့ အနာဂတ်ကောင်းတစ်ခုရဖို့ သူ့အတွက် အမှတ်ကောင်းကောင်းရရုံနဲ့ မလုံလောက်ဘူးဆိုတာ သူသိသည်။ အကောင်းဆုံးဖြစ်ဖို့လိုသည်။ ထို့ကြောင့် သူသည် အစွမ်းကုန် ကြိုးစားပြီး အတန်းထဲတွင် အကောင်းဆုံးဖြစ်အောင် အမြဲလေ့လာခဲ့သည်။ တက္ကသိုလ်မှာ ဝင်ခွင့်ရပြီးကတည်းက တိုင်းပြည်ရဲ့ အကောင်းဆုံးလို့ သတ်မှတ်ခံရခဲ့သည်။ ဒါကြောင့် ဒီမူလတန်းအဆင့်မေးခွန်းတွေအားလုံးကို ဖြေရတာက သူ့အတွက် ရိုးရိုးရှင်းရှင်း လွယ်ကူမှုတစ်ခုပင်ဖြစ်သည်။

သူ့ကျူရှင်ဆရာသုံးယောက်စလုံးက သူ့အပေါ် ကြင်နာညှာတာတာ ကြပါသည်။ သူ့အဖေက သူတို့ကို သိပ်တင်းကြပ်မနေခိုင်းတာကြောင့် ဖြစ်နိုင်တသည်။ သူ အနည်းငယ် ပြုံးလိုက်သည်။ သူ့အဖေနဲ့ ညီအစ်ကိုတွေက သူ့ကို တော်တော် အလိုလိုက်ကြသည်။ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် သူတကယ်ကို အသုံးမဝင်တဲ့သူ ဖြစ်သွားနိုင်ပါသည်။

ဆရာမက အဖြေစာရွက်ကို ကြည့်လိုက်တော့ အဖြေအားလုံးမှန်နေတာကို တွေ့ရတော့ အံ့သြသွားသည်။ ဒီကလေးက တကယ်ကို ဉာဏ်ကောင်းတယ်လို့ သင်ပေးနေတဲ့နှစ်ရက်အတွင်း သူသတိထားမိသည်။ သူသင်ပေးသမျှကို အလွယ်တကူနားလည်နိုင်သည် ။ ဤနှုန်းဖြင့် သူတို့သည် အလယ်တန်းကျောင်းအဆင့်သို့ သူမမျှော်လင့်ထားသည်ထက် ပိုမိုမြန်ဆန်စွာ တက်လှမ်း နိုင်မည်ဖြစ်သည်။

နတ်ဘုရားအဆင့် လုပ်ကြံသတ်ဖြတ်သူWhere stories live. Discover now