အပိုင်း(၄၃) အရွယ်ရောက်ခြင်းပွဲရောက်လာခြင်း

708 98 3
                                    

unicode

လောင်ယန် ရွာကိုပြန်သွားတဲ့အခါ သူပထမဆုံးလုပ်ခဲ့တာက ဆေးဆိုင်၊ လက်နက်ဆိုင်၊ အထွေထွေစတိုးကိုသွားပြီး သားရဲသားပေါက်ဖောက်တဲ့ သားရဲမီးဖွားစက်ကို ရှာနေခြင်းဖြစ်သည်။ ဒါပေမယ့် သူတို့သုံးယောက်စလုံးက သူတို့စာရင်းထဲမှာ ဒီလိုပစ္စည်းမရှိဘူးလို့ ပြောပါသည်။ အဲဒီနောက်မှာတော့ ဒီပစ္စည်းဟာ အော့ဒေလ်းကဲ့သို့သောမြို့ကြီးပြကြီးမှာသာ ရနိုင်ခြေများတယ်လို့ သူထင်ခဲ့သည်။

သူ ဒီရွာက ထွက်သွားဖို့ အချိန်တန်ပြီ ။ သူဒီမှာ ငါးရက်နေခဲ့သည်။ ဒါဟာ မှန်ကန်တဲ့ အချိန်ပမာဏပင်ဖြစ်သည်၊ သူက တစ်နေ့ကို သုံးနာရီကနေ လေးနာရီလောက်ပဲ ကစားရသည်လို့ သုံးသပ်ပါသည်။ "ပြီးတော့၊ သူနဲ့ လောင်ဂျင် တို့ဟာ မနက်ဖြန် အော့်ဒေလ်းမြို မှာ တွေ့ဆုံဖို့ ပြောထားပြီးသားဆိုတော့ အခုပဲ ဒီကနေ ထွက်သွားဖို့ပင် မဟုတ်မည်လား။"

အခု သူ မထွက်ခွာခင်မှာ အကြီးအကဲက သူ့ကို ပေးစေချင်တဲ့ အရွယ်ရောက်လာတဲ့ အခမ်းအနားတစ်ခုကို လုပ်ရမည်။

အဲဒါကို စိတ်ထဲမှာ စွဲပြီး အကြီးကဲရဲ့ ခြံဆီကို လျှောက်သွားသည်။

"နော့တစ်၊ မင်းရဲ့အသက်အရွယ် အခမ်းအနားကျင်းပမယ့်ရက်ကို မင်းဆုံးဖြတ်ပြီးပြီလား" ထုံးစံအတိုင်း အကြီးကဲကမေးသည်။

"ဖြစ်ပါပြီ အကြီးအကဲ" လောင်ယန် က ဖြေတယ်။ "အခု လုပ်နိုင်ပါ့မလား?"

"လုပ်နိုင်ပါတယ်။ ဒါပေမယ့် ကျေးဇူးပြုပြီး ငါတို့ ပြင်ဆင်ရအောင် တစ်နာရီလောက်စောင့်ပါ။"

လောင်ယန် သည် မျက်ခုံးတစ်ဖက်ကို ပင့်တင်လိုက်သည်။ တစ်နာရီ? ဒီပွဲက ဂိမ်းတစ်ခုမို့လို့ အကြီးအကဲကို သူ့အသက်အရွယ် အခမ်းအနား ကျင်းပချင်တယ်လို့ ပြောပြီးနောက် ပြင်ဆင်မှုဟာ အလိုအလျောက် ပြီးသွားလိမ့်မယ်လို့ သူထင်ခဲ့သည်။ ဒါပေမယ့် သူ တစ်နာရီလောက် စောင့်ရသေးတယ် ဆိုတာ ပေါ်လာသည်။ "၎င်းသည် ဂိမ်းကို လက်တွေ့ဆန်သော ခံစားမှုကို ပေးစွမ်းနိုင်စေရန် ဤကဲ့သို့ ဒီဇိုင်းထုတ်ထားပါသလား။"

နတ်ဘုရားအဆင့် လုပ်ကြံသတ်ဖြတ်သူWhere stories live. Discover now