အပိုင်း(၂၁)မူလရွာ

1.1K 175 2
                                    

unicode

လောင်ယန် သည် အခန်းကျဉ်းလေးမှ ထွက်သွားသောအခါတွင် သူသည် တဲငယ်လေးအတွင်း၌ အမှန်တကယ် ရှိနေသည်ကို သူတွေ့ရှိခဲ့သည်။ ပတ်ပတ်လည်တွင် ပရိဘောဂ များများစားစားမရှိ သစ်သားစားပွဲနှင့် ကုလားထိုင်သာရှိသည်။ လိုက်ဖက်သော မြေအိုးနှင့် အိုးများပါသော ဟင်းချက်ရန် နေရာငယ်လည်း ရှိသေးသည်။ ထွေထွေထူးထူး ဘာမှမရှိတာကိုတွေ့တော့ လှည့်ထွက်ဖို့ ဆုံးဖြတ်လိုက်သည်။

တံခါးကိုဖွင့်လိုက်တော့ သူက ကမ္ဘာသစ်တစ်ခုထဲကို ဝင်သွားသလို ခံစားရသည်။ သူပထမဆုံးမြင်လိုက်ရတာက အရပ်မြင့်မြင့်နဲ့ စိမ်းလန်းစိုပြေတဲ့ သစ်ပင်ကြီးတွေကို‌ေတွ့သည်။ သစ်ပင်တိုင်းတွင် တိတ်ဆိတ်နေသော စပျစ်နွယ်ပင်များကို ရစ်တွယ်ထားသည်။ ပန်းဖြူများသည် ရှုခင်းကို ကျက်သရေရှိစေသော စပျစ်နွယ်ပင်အချို့တွင် ပွင့်ကြသည်။ ညအချိန်သည် ထင်ထင်ရှားရှား ပင်ဖြစ်သော်လည်း ပတ်ဝန်းကျင်တစ်ခုလုံးကို အလွယ်တကူ လင်းထိန်သွားစေသည့် လေထဲတွင် လွင့်မျောနေသော လင်းလက်တောက်ပသော သလင်းကျောက်များ ရှိနေသည်။ တကယ့်ကို မှော်ဆန်နေပါတော့၏။

သူ မော့ကြည့်လိုက်ပြီး ကြယ်ရောင် ကောင်းကင်ကြီးပေါ်က လကြီးကို ငေးကြည့်နေမိသည်။ အနည်းငယ်မြင့်သောနေရာသို့ တက်လျှင် ၎င်းကို ထိလုနီးပါးထိ ကြီးမားသည် ။

သူဖတ်ခဲ့သည့်အရာအရ၊ အကာဒီရာ အတွင်းရှိအချိန်သည် လက်တွေ့ကမ္ဘာရှိအချိန်နှင့် အတူတူပင်ဖြစ်သည် သို့မဟုတ် အနည်းဆုံး သူတို့နိုင်ငံရှိအချိန်နှင့် အတူတူပင်ဖြစ်သည်။ သို့သော် လောင်ယန် မှန်ကန်စွာ မှတ်မိပါက၊ သူနှင့် လောင်ဂျင်ဂိမ်းထဲသို့ ဝင်ချိန်က နေ့လည် လေးနာရီသာသာ ရှိသေးသည်။ "ဒါဆို ဘာလို့ဒီမှာ ညအချိန်ရောက်နေပြီလဲ။"ဒီရွာမှာ အမြဲတမ်း ညအချိန်ဖြစ်နေသည်ကလွဲလို့မပြောတတ်ပါ။ ဤမူလရွာသည် လနဝာ်သူငယ် များပိုင်သည်ဟု ယူဆပါက ဒါကအံ့သြစရာမဟုတ်ပါ။

လောင်ယန် က လမ်းလျှောက်ပြီး ပတ်ဝန်းကျင်ကို အာရုံစိုက်လိုက်သည်။ သူ့တဲငယ်လေး၏ တည်နေရာသည် ကျယ်ပြောလှသော တောအုပ်ထဲတွင် ရှိနေသည်ကို သူသတိပြုမိသည်။ ၎င်းတွင် သူ၏တဲသာမကဘဲ အခြားအိမ်များလည်းဖြန့်ကျဲလျက် ရှိ‌ေနပါသည်။ တခြားလ နတ်သူငယ် တွေတောင် လှည့်ပတ်သွားလာနေသည်။ ဤရှင်းလင်းမှုသည် လနတ်သူငယ်ရွာ၏တည်နေရာ ထင်ရှား‌ေနသည်။

နတ်ဘုရားအဆင့် လုပ်ကြံသတ်ဖြတ်သူWhere stories live. Discover now