အပိုင်း (၁၀) အိမ်မှကြိုဆိုပါတယ်။

1.6K 300 3
                                    

Unicode

"အိုကေ၊ ဒါပဲ။ မင်းသွားလို့ ကောင်းတယ်" ဟု လောင်ယန် ၏ နောက်ဆုံး ဆေးစစ်ချက်အစီရင်ခံစာကို ကြည့်ရှုပြီးနောက် ဒေါက်တာ ဟန် က ပြောသည်။ ထို့နောက် ဘေးတွင်ရပ်နေသော ဥက္ကဌ လောင်ဆီသို့ လှည့်ကြည့်လိုက်သည်။ "ဥက္ကဌ လောင်၊ သခင်ငယ်က သူ့ဆေးကို အချိန်မီသောက်ဖို့ သေချာပါစေ။ သူ့အတွက် ပေးထားတဲ့ အစားအသောက်တွေကို လိုက်နာပြီး သူ့ရဲ့ ကာယကုထုံးအတိုင်း ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့ မမေ့ပါနဲ့။ နောက်ဆုံးအနေနဲ့ သူ့ကို ပြင်းထန်တဲ့ လှုပ်ရှားမှုတွေကို လုပ်ဖို့ခွင့်မပြုပါနဲ့"

လောင်ဝေတန် က သဘောကျစွာ ခေါင်းညိတ်ပြလိုက်ပြီး သူ့ရဲ့ ဒုတိယသားကို ငုံ့ကြည့်လိုက်သည်။ ရှောင်ယန်၏ပါးပြင်များသည် အခေါင်းပေါက်မဟုတ်တော့ဘဲ ၎င်းတို့တွင် အသားအနည်းငယ် ရှိနေပြီဖြစ်သောကြောင့် လူအများက ၎င်းတို့ကို ဆွဲဆိတ်ချင်လာစေသည်။ သူ့အသားအရည်က ဖြူဖျော့တော့တာမဟုတ်တော့ဘဲ အခုတော့ ကျန်းမာတောက်ပနေခဲ့ပြီ။ ဒါကလည်း သူ့အလှကို ပို၍ တောက်ပစေသည်။ လူတွေကသူ့ကို လုယူချင်တဲ့ ခံစားချက်မျိုးမှတပါး ဖြစ်အောင် လုပ်နေ ပါ‌တော့တယ်။ လောင်ဝေတန် အတွက် ယခုလိုခံစားနေရသည်မှာ မထူးခြားလှပေ။ ရှောင်ယန် သည် သူ၏ကွယ်လွန်သူဇနီးနှင့် အလွန်တူသောကြောင့်ပင် ဖြစ်သည်။

"ရှောင်ယန် ၊ ဆရာဝန်ပြောတာကြားတယ်မလား"

"ဟုတ်ကဲ့၊ ကျွန်တော်ဆေးကို အချိန်မှန်သောက်မယ်။ မှန်မှန်စားပြီး လေ့ကျင့်ခန်းလုပ်ပါ့မယ်" လောင်ယန် က နာခံတတ်တဲ့ ကလေးတစ်ယောက်လို ပြောလိုက်သည်။

လောင်ဝေတန်သည် လောင်ယန် ၏ ခေါင်းကို ညင်သာစွာ ပုတ်လိုက်ကာ "ကောင်းပြီ။"

"ဂုဏ်ယူပါတယ် သခင်လေး၊ မင်းရဲ့ကြိုးစားမှုကြောင့် မင်းအိမ်ပြန်နိုင်ခဲ့ပြီ"

လောင်ယန် သည် ဒေါက်တာဟန်ကို တောက်ပစွာ ပြုံးပြလိုက်သည်။ "ကျေးဇူးတင်ပါတယ် ဒေါက်တာ။"

မှန်ပါတယ်၊ လောင်ယန် ဟာ ဒီနေ့ ဆေးရုံကနေ ဆင်းနိုင်ခဲ့ပါပြီ။ သတိမေ့မြောရာမှ နိုးလာသည်မှာ သုံးလကျော်သွားခဲ့ပြီဖြစ်သည်။ ရာသီပြောင်းသွားတာ နွေဦးသည် ယခုနွေရာသီပင်ရောက်လာ ခဲ့ပြီ ဖြစ်သည်။ သူသည် ထိုသုံးလအတွင်း အများစုကို ကာယကုထုံးတွင် ကုန်ဆုံးခဲ့သည်။ ကုထုံးလုပ် နေစဉ်တွင် အစားအသောက်ကိုလည်း ဂရုစိုက်ခဲ့ရသည်။ အခုတော့မည်သူမဆို မိမိကြိုးစား အားထုတ်မှု၏ ရလဒ်ကို မြင်နိုင်ပြီ။

နတ်ဘုရားအဆင့် လုပ်ကြံသတ်ဖြတ်သူWhere stories live. Discover now